ဖုန်းနဲ့ကြည့်ဖို့ APK ဒီမှာဒေါင်းပါ။

I.C ကူးစက်(PROGRAMMER)ဖြင့် Firmware တင်ခြင်း


  I.C ကူးစက်(PROGRAMMER)ဖြင့် Firmware တင်ခြင်း

         Firmware တင်တဲ့ နည်းလမ်းတွေထဲမှာ ဒီတစ်နည်းပဲ ကျန်တော့လို့ နည်းနည်း လေ့လာပြီး တင်ပေးလိုက်ပါပြီ။ ရှေ့က POST တွေမှာ  စက် to စက် ကူးတာ၊ PC နဲ့ တင်တာ၊ OTA နဲ့ တင်တာတွေ ရှင်းပြခဲ့ပြီးပါပြီ။

      Firmware တင်တယ်ဆိုတာ Flash I.C (Eeprom IC) ထဲကို Firmware file ကို ကူးထည့်ပေးရတာပါ။ PC နဲ့ တင်မယ်ဆိုရင် Firmware တင်ဖို့ Tools တွေလိုပါတယ်။ စက်အမျိုးအစားများစွာအတွက် သူနဲ့သက်ဆိုင်တဲ့ Tools ကိုသုံးပြီး Flash I.C ထဲကို ကူးထည့်  ပေးရတာပါ။ IC ကူးစက်ကတော့ Firmware ကူးမဲ့ IC ကို ဖြုတ်ပြီး တိုက်ရိုက် Firmware တင်တာဖြစ်တဲ့အတွက် ဘယ်စက်မျိုးအတွက်ပဲဖြစ်ဖြစ် Tools တွေ မလိုဘဲ ကူးလို့ ရပါတယ်။  နောက်ပြီး ကောင်းနေတဲ့ စက် IC ထဲက Firmware ကို ဆွဲထုတ်လို့ရတာပါပဲ။ ဒါကတော့ I.C ဖြုတ်ကူးတဲ့  စနစ်ရဲ့ အားသာချက်တွေပါ။ အားနည်းချက်ကတော့ စက်ဖုံးဖွင့် IC ဖြုတ်၊ Firmware တင်ပြီး  IC ကို ပြန်တပ်ရတာပါ။ ဒါကလည်း အစပါပဲ။ နောက် လွယ်သွားတာပါ။


        ကျွန်တော်သုံးတဲ့စက်က  EZP 2010 အမျိုးအစားပါ။ 24 , 25, 93   အမျိုးအစား IC များကို ကူးနိုင်ပါတယ်။ IC ထည့်တဲ့ ခွက်က ထပ်ဝယ်ထားတာပါ။ 24 က 25 ထက်သေး ပါတယ်။ IC ထည့်ခွက် နှစ်မျိုးစလုံး ဝယ်လို့ရပါတယ်။ 25 IC တွေပဲ ကူးရမှာဖြစ်တဲ့အတွက် 25 တစ်မျိုးဆိုရပြီ။ IC ကူးစက်က အခြား အမျိုးအစားတွေလည်းရှိပေမယ့် အခြေခံ သဘောတရား တူပါတယ်။







  DRIVER တင်ခြင်း

 

     EZP 2010 ကူးစက်အတွက် Driver ကို ဒီမှာ အရင်ဒေါင်းပါ။

  
             အရင်ဆုံး ကူးစက် နဲ့ PC နဲ့ Detect ဖြစ်အောင် Driver အရင်တင်ရပါမယ်။  ကျနော့ PC က Windows 10 ပါ။ ကိုယ့် PC ရဲ့  ျWindow Version ပေါ် မူတည်ပြီး Driver တင်တဲ့အခါ အဆင်မပြေတာတွေရှိနိုင်ပါတယ်။ Online ကနေ Driver သူ့အလိုလို တင်ပေးသွားပြီး ရသွားတာတွေလည်း ရှိတယ်။ ကြိုးစားကြည့်ပါ။


ဝယ်တဲ့အခါ အတူပါတဲ့ CD ကိုဖွင့်ပါ။




 JHW2013 ဆိုတဲ့ Folder ထဲ၀င္ပါ။     Drivers ဆိုတဲ့ Folder ထဲ ထပ္၀င္ပါ။


Install Driver ကို ဖြင့္လိုက္ပါ။



 Open(*.inf) ကို နှိပ်ပြီး JHW2013.inf ကို ရွေးပြီး Install Driver နှိပ်ပေးပါ။

အောက်ဆုံးတန်းမှာ Done ဆိုပြီး ပေါ်လာရင် ပြန်ထွက်။ ပြီးရင် Device Manager မှာ Driver မှန်/မမှန် စစ်ကြည့်ပါ။ ဒီလိုပေါ်ရင်ရပြီ။ 
 ကူးစက်နဲ့ PC နဲ့ Detect ဖြစ်မှ ဆက်သွားလို့ရမှာမို့ Driver တင်တာ ရအောင် တင်ပေးပါ။

IC ဖြုတ်မယ်

မခက်ပါဘူး။ IC နှစ်ဖက်စလုံး ခဲပုံပေးပြီး ဖြုတ်လို့ရပါတယ်။
 

 

ဖြုတ်ထားတဲ့ IC ကို ကူးစက်ပေါ်မှာ တင်ပါမယ်။ IC ရဲ့ ဒေါင့်တစ်ဒေါင့်မှာ ချိုင့်အပြောက်လေးတစ်ခု တွေ့ပါမယ်။ အဲဒီ အပြောက်လေးက IC ရဲ့  Pin နံပါတ်1 ဖြစ်ပါတယ်။

ကူးမဲ့ IC ရဲ့ ချိုင့် အစက်ပြောက်လေးကို ကူးစက်ပေါ်က IC ထိပ်တစ်ဖက် ချိုင့်ပုံစံ အမှတ်အသားဘက်ကိုထားပြီး တပ်ရပါမယ်။ IC ပြောင်းပြန်ဖြစ်ရင် ကျွမ်းတတ်ပါတယ်။

ခုထည့်ထားတာက PSI OKx စက်ထဲက IC ပါ။ Flash IC မှာ Memory ရှိပါတယ်။ စက်တစ်မျိုးနဲ့တစ်မျိုး Flash Memory IC မတူပါဘူး။ ဒါပေမယ့် Firmware က 1Mb ရှိရင် Flash IC ကို  4Mb, 8Mb တွေ ထည့်လို့ရပေမယ့်။ Firmware 4 Mb ကို 1Mb IC ထဲထည့်ရင် အဆင်မပြေနိုင်ပါဘူး။ PSI OKx ရဲ့ Firmware က 1 Mb ရှိပြီး IC ကလည်း 1 Mb ပါ။ အပြင်မှာ ဝယ်လို့ရတဲ့ 4M, 8M, 16M တွေကိုလည်း အစားထိုး ထည့်နိုင်ပါတယ်။


Firmware တင်မယ်


 JHW 2013 ဖိုင်ကို Run လိုက်ပါ။


ကူးစက် မတပ်သေးခင်မှာ Device is not connected ပြနေပါမယ်။ ကူးစက်နဲ့ PC ကို USB နဲ့ တပ်လိုက်ပါ။ Device is connected ဆိုပြီး ပြောင်းသွားရင် ကူးလို့ရပါပြီ။


IC အမျိုးအစားကို အရင်ရွေး ပေးရမယ်။

 IC အမျိုးအစားကို IC ပေါ်မှာ ပါတဲ့ နံပါတ်နဲ့ ရှာပြီး ရွေးပေးလို့ရပါတယ်။ ဒါပေမယ့် အမျိုးအစားကို Auto ရှာလို့ရပါတယ်။  Type မှာ  SPI Flash ထားပါ။ ပြီးရင် အောက်မှာပါတဲ့ Detect ကို နှိပ်လိုက်ပါ။ ပုံမှာမြင်တဲ့အတိုင်း 1Mb အမျိုးအစား IC ကို Auto ရွေးပေးပြီးသား တွေ့ရပါမယ်။

 OPEN ကိုနှိပ်ပြီး ကိုယ်သွင်းမဲ့ Fw  ရွေးပါမယ်။  Buffer setting ပေါ်လာရင် OK ပေးလိုက်ပါ။

ဒီလိုပေါ်လာပါမယ်။
 

FW သွင်းဖို့ အဆင့် သုံးဆင့်ရှိပါမယ်။ IC ထဲက Data ကို ဖျက်ဖို့  Erase လုပ်မယ်။ FW သွင်းဖို့ Write လုပ်မယ်။ နောက်ဆုံးဆင့် IC ထဲက File နဲ့ PC ထဲက FW တူညီသလား Verify လုပ်မယ်တို့ဖြစ်ပါတယ်။ အဲဒီ Erase, Write, Verify တို့ကို တစ်ဆင့်ပြီးတစ်ဆင့် နှိပ်သွားလို့ရပါတယ်။ AUTO နှိပ်လိုက်ရင်တော့ အဲဒီ သုံးဆင့်စလုံး ဆက်တိုက်လုပ်ပေးသွားမှာပါ။ Erase, Write, Verify လုပ်နေစဉ်မှာ ကူးစက်ပေါ်မှာရှိတဲ့ RUN မီးလုံး အစိမ်းက လင်းနေရမှာဖြစ်ပါတယ်။
 

ဒီအဆင့်ပြီးသွားရင်တော့ IC ထဲကို FW ကူးပြီးသားဖြစ်သွားပါပြီ။


IC ပြန်တပ်မယ်

 



Circuit ပေါ်က IC ပုံ ထိပ်တစ်ဖက်မှာ ချိုင့်ခွက်ပုံစံလေးတွေ့ပါမယ်။ အဲဒီဖက်ကို IC ရဲ့  Pin1 (အစက်ပြောက်) လှည့်ပြီး ခဲတို့တပ်ပါမယ်။




  IC ထဲမှ FW ကို ဆွဲထုတ်မယ်

 Type မှာ SPI Flash ထား၊ ပြီးရင် Detect နှိပ်လိုက်ပါ။  READ ကို နှိပ်လိုက်ပါက FW data ပေါ်လာပါမယ်။ READ မနှိပ်ခင် ERASE တော့ မှားမနှိပ်ပါနဲ့။ ကိုယ်ယူမယ့် IC ထဲက Data က ပျက်သွားမှာပါ။ Read နှိပ်ပြီးသွားရင် Save နှိပ်၊ ကိုယ်ပေးချင်တဲ့ File Name ပေးလိုက်ပါ။ 1 Mb IC ကနေ ထုတ်ရင် 1Mb ထွက်ပြီး 4Mb IC က ထုတ်ရင် File size က 4Mb ထွက်မှာပါ။


နားလည်အောင် ရှင်းပြချင်တာနဲ့ပဲ အဆင့်တွေအများကြီးဖြစ်ပြီး စာများသွားပြီဗျာ။ ကျွန်တော် စမ်းကြည့်တာ အဆင်ပြေတဲ့အတွက် နားလည်သလို ရှင်းပြတာပါ။ နည်းပညာ အသုံးအနှုန်း၊ သဘောတရားတွေ မှားနေတာတွေလည်း ရှိနိုင်ပါတယ်။



အားလုံးကိုလေးစားလျက်-


                                                                                                                   ကိုမင်းလွင် (ကန့်ဘလူ)




 







17 comments:

  1. တန်ကျေးဘယ်လောက်လောက်ရှိလည်းဗျ

    ReplyDelete
    Replies
    1. မန်းလေး I.E မှာ ကူးစက် ၁၆၀၀၀ိ/- ပေးရတယ်။ IC အထိုင်ခွက်က သပ်သပ်ဝယ်ရတာ။ ဈေးမမှတ်မိတော့ဘူး။

      Delete
  2. IC အထိုင်ခွက် လိုချင်လို့ပါ။ဘယ်လိုမှာလို့ရမလဲဗျာ။

    ReplyDelete
    Replies
    1. မန်းလေး I.E, 34 လမ်း ၊ 83x84 ကြားမှာ ၀ယ်လို့ရတယ်အကို။

      Delete
  3. please tell me "how to install ipm frimware with computer!".thank sayar

    ReplyDelete
  4. ကျေးဇူးပါဆရာရှယ်လိုက်ပိနော်

    ReplyDelete
  5. w 7 မရဘူးဖြစ်နေတယ်

    ReplyDelete
  6. w 7 32bit ဒရိုက်ဘာတင်မရဘူးဗျာစိတ်ညစ်နေတယ်

    ReplyDelete
  7. ကျွန်တော်လဲ w7 32bit တင်မရဘူး ဒီအတိုင်းပြစ်ထားလိုက်ရတယ်

    ReplyDelete
  8. ကျေးဇူးတင်ပါတယ်ဆရာ

    ReplyDelete
  9. psi clone firmwareကို စတစ်နဲ့တင်လို့ရပါသလားpl reply

    ReplyDelete
  10. ​ကျေးဇူးတင်​ပါတယ်​ဆ​ရာ​နောက်​လဲပညာများမျှ​ဝေး​ပေပါ

    ReplyDelete
  11. ကျေးဇူးပါဆရာ

    ReplyDelete
  12. ကျေးဇူးပါ ဆရာ

    ReplyDelete
  13. ​ကျေးဇူးတင်​ပါတယ်​ဆ​ရာ​နောက်​လဲပညာများမျှ​ဝေး​ပေပါ

    ReplyDelete
  14. လာအို mytvစလောင်းစက် FW ရှိရင်တင်ပေးပါလာဆရာ

    ReplyDelete