SKY NET RECEIVER အားလုံးကို Firmware တင်မယ် (ပထမပိုင်း-SD စက်များ)

         SKY NET RECEIVER အားလုံးကို Firmware တင်မယ်
                                  (ပထမပိုင်း-SD စက်များ)



            လက်ရှိ အချိန်အထိ SKY NET RECEIVER အမျိုးအစားပေါင်း (၉)မျိုးရှိပါတယ်။ နောက်ဆုံးထုတ်တဲ့ Firmware တင်ချင်တဲ့သူတွေအတွက် အမျိုးအစား တစ်ခုချင်းစီအတွက် ရှင်းပြပေးထားပါတယ်။ လက်ရှိ ထည့်ထားတဲ့ firmware နဲ့ အဆင်ပြေနေတယ်ဆိုရင်လည်း ပြောင်းစရာမလိုပါ။ Firmware သွင်းနေတဲ့ အချိန်မှာ မီးမပျက်အောင်တော့့့ ဂရုစိုက်ပါ။


SD စက်များ
NL-S 3560
စက်နှစ်မျိုးရှိပါမယ်။

ပထမတစ်မျိုး

 ရှေ့မျက်နှာစာ Power Switch နားမှာ  NL-S 3560 ပါမယ်။ SKY NET တံဆိပ်ပါတဲ့ အံဖုံးက အနက်ရောင်၊ Remote ကလည်း အနက်ဆိုရင်


Firmware ကို    ဒီမှာ ယူပါ။      ရလာတဲ့  dld ဖိုင်ကို USB ထဲကို ကူးထည့်ပါ။




ဒုတိယတစ်မျိုး

ရှေ့မျက်နှာစာ Power Switch နားမှာ  NL-S 3560 ပါမယ်။ SKY NET တံဆိပ်ပါတဲ့ အံဖုံးက ငွေရောင်၊ Remote ကလည်း ငွေရောင် ဆိုရင်  
Firmware ကို    ဒီမှာ ယူပါ။      ရလာတဲ့  dld ဖိုင်ကို USB ထဲကို ကူးထည့်ပါ။
USB ကို  SKY NET မှာ တပ်လိုက်ပါ။ USB  Detect ပေါ်လာရင်

1. Menu                       2. USB   မှာ ok            3.USB Update မှာ  ok နှိပ်    Firmware ကို  Select လုပ်



ခလုပ်အနီ (F1) ကို နှိပ်ပေးလိုက်ပါ။ 100 ရာခိုင်နှုန်းပြည့်သွားပြီးရင် OKပါပြီ။
NL-S3381
 ရှေ့မျက်နှာစာ Power Switch နားမှာ  NL-S 3381 ပါမယ်။ SKY NET တံဆိပ်ပါတဲ့ အံဖုံးက ငွေရောင်  Remote ကလည်း အနက်ဆိုရင်  

 
 Firmware ကို    ဒီမှာ ယူပါ။       ရလာတဲ့  abs ဖိုင်ကို USB ထဲကို ကူးထည့်ပါ။
 ကူးနည်းကတော့ အပေါ်က စက်တွေအတိုင်းပါပဲ

USB ကို  SKY NET မှာ တပ်လိုက်ပါ။ USB  Detect ပေါ်လာရင်

1. Menu                       2. USB   မှာ ok            3.USB Update မှာ  ok နှိပ်      4. Firmware ကို  Select လုပ်



ခလုပ်အနီ (F1) ကို နှိပ်ပေးလိုက်ပါ။ 100 ရာခိုင်နှုန်းပြည့်သွားပြီးရင် OKပါပြီ။

                       ဒုတိယပိုင်း  HD စက်အတွက် ဆက်ပြီး တင်ပေးပါမယ်။

10 comments:

  1. ​ကျေးဇူးတင်​ပါတယ်

    ReplyDelete
  2. အစ်ကိုခင်ဗျာ NL 3560 စက်ပါ ဆော့ဝဲထည့်ရင်းမီးပြတ်သွားပါတယ်ခင်ဗျာ BOOT မှာတင်ပဲရပ်နေပါတယ် ပြင်ရပါသေးသလား ခင်ဗျာ

    ReplyDelete
    Replies
    1. PC နဲ့ တင်ရမှာပါ။ PC နဲ့ တင်နည်းကို လောလောလတ်လတ် Post တင်ထားပါတယ်။ ရှာကြည့်လိုက်ပါ။

      Delete
    2. ဟုတ်ကဲ့ pC ရှိပါတယ် PSI တင်သလိုတင်ရမှာလားခင်ဗျာ

      Delete
    3. အစ်ကို့ APK ကိုထည့်ကြည့်တော့ တွေ့ပါပီကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ

      Delete
    4. အစ်ကိုကျေးဇူးပါ အဆင်ပြေသွားပါပီ ခင်ဗျာ
      ကျေးဇူးအထူးတင်ပါတယ် ခင်ဗျာ

      Delete
  3. downgrade ပြန်လုပ်လို့ရလား ဆရာ
    MRTV 4, Channel 7 တို့ပျောက်သွားလို့ပါ
    NL-S3381 ပါဆရာ

    ReplyDelete
  4. အကို​ရေ...
    Model-/SN-8626L-SD စက်​ကို
    ဘာ firmware တင်​ပြီး ဘယ်​လို upgrade
    လုပ်​ရမလဲ အလင်းပြ​ပေးပါဦးအကို​ရေ။

    ReplyDelete
    Replies
    1. ကျတော်လဲ ခုထိမရသေးဘူး လိုချင်တယ် တင်ပေးပါ

      Delete
  5. SN-8600 စက်ဖြစ်မယ်ထင်တယ်။ ဒုတိယပိုင်းထဲမှာ တင်ထားပါတယ်။ ရှာကြည့်ပါခင်ဗျ။

    ReplyDelete

Related Posts Plugin for WordPress, Blogger...