SKY NET RECEIVER အားလုံးကို Firmware တင်မယ်။ (ဒုတိယပိုင်း- HD စက်များ)

             SKY NET RECEIVER အားလုံးကို Firmware တင်မယ်။ (ဒုတိယပိုင်း- HD စက်များ)



            လက်ရှိ အချိန်အထိ SKY NET RECEIVER အမျိုးအစားပေါင်း (၉)မျိုးရှိပါတယ်။ နောက်ဆုံးထုတ်တဲ့ Firmware တင်ချင်တဲ့သူတွေအတွက် အမျိုးအစား တစ်ခုချင်းစီအတွက် ရှင်းပြပေးထားပါတယ်။ လက်ရှိ ထည့်ထားတဲ့ firmware နဲ့ အဆင်ပြေနေတယ်ဆိုရင်လည်း ပြောင်းစရာမလိုပါ။ Firmware သွင်းနေတဲ့ အချိန်မှာ မီးမပျက်အောင်တော့ဂရုစိုက်ပါ။

HD စက်များ
NL-S 3601
 စက် body နဲ့ Remote အားလုံး အနက်ရောင်ဖြစ်ပါတယ်။

Firmware  ကို  ဒီမှာဒေါင်းပါ။    ရလာတဲ့ abs ဖိုင်ကို USB ထဲကို ကူးထည့်ပါ။ SKY NET စက်နောက်မှာ တပ်ပါ။

1.  menu            2. USB မှာ OK        3. USB Update မှာ OK      4. Firmware က HD 3601 မှန်လားစစ်ပါ။

5. Start မှာ  OK ပေးလိုက်ပါ။  firmware သွင်းပြီးသွားရင် Restart ပြန်ဖြစ်သွားရင် OK ပါပြီ။





SN-8218
 စက်က အဖြူရောင်နဲ့ ငွေရောင် (၂)မျိုးရှိပါတယ်။ ပုံစံတူ စက် (၃) မျိုးရှိပြီး Firmware မတူတဲ့အတွက် ဘယ်လိုခွဲရမယ်ဆိုတာ ပြောပါမယ်။ SN-8218 စက် အနောက်ဖက်မျက်နှာစာမှာ  HDMI ပေါက်ပါမယ်။ Power Switch ပါပြီး အထက်အောက်ဖြစ်တယ်ဆိုရင် SN-8218 ပါ။

Firmware  ဒီမှာ ဒေါင်းပါ။  
ota.bin ဆိုတဲ့ဖိုင်ရလာပါမယ်။ အဲဒီဖိုင်ကို File Name မပြောင်းပဲ။ Memory Stick ထဲကို ထည့်လိုက်ပါ။ Folder ထဲကို မထည့်ဘဲ။ အပြင်မှာဘဲ ထည့်ရပါမယ်။

စက်ထဲကို Firmware ထည့်ပါမယ်။ နည်းလမ်း (၂)မျိုးရှိပါမယ်။

ပထမနည်း
USB Stick ကို Receiver မှာ တပ်လိုက်ပါ။ စက်ကိုဖွင့်ပါ။ ပြီးရင် Menu, USB , USB Upgrade နှိပ်လိုက်ပါ။


 ပြီးသွားရင် စက်က Restart ဖြစ်ပြီး ပြန်တက်လာတဲ့အချိန်မှာ Channel Search အတွက် OK နှိပ်ပေးလိုက်ပါ။

ဒုတိယနည်း။
စက်ကို ပိတ်လိုက်ပါ။  USB Stick တပ်ပါ။ စက်ပေါ်က OK ခလုပ်ကို နှိပ်ထားပြီး Power ခလုပ်ဖွင့်လိုက်ပါ။

Display မှာ  ပုံထဲကလို dl   ပေါ်လာရင် OK နှိပ်ထားတာကို လွှတ်ပေးလိုက်ပါ။ Firmware စပြီးကူးသွားပါလိမ့်မယ်။

 ပြီးသွားရင် စက်က Restart ဖြစ်ပြီး ပြန်တက်လာတဲ့အချိန်မှာ Channel Search အတွက် OK နှိပ်ပေးလိုက်ပါ။


SN-8218 (New) လက်သစ်
 SN-8218 လက်ဟောင်းနဲ့ ပုံစံတူပါတယ်။ စက်အဖြူရောင် တစ်မျိုးတည်း ထွက်ပါတယ်။ နောက်ဘက် မျက်နှာစာမှာပါတဲ့ Power Swicth ဟာ ဘေးတိုက်ဖြစ်ပါတယ်။

 
Firmware   ဒီမှာ ဒေါင်းပါ။      Firmware ထည့်နည်းကတော့ အပေါ်က SN-8218 အတိုင်းဖြစ်ပါတယ်။


SN-8600 (HD ပုံစံ SD စက်)
 SN-8600  ဟာ  SN-8218 နဲ့ စက်ပုံစံတူပြီး Firmware မတူတဲ့  SD စက်ဖြစ်ပါတယ်။ ငွေရောင်တစ်မျိုးတည်း လာပါတယ်။ ထူးခြားတာက စက်နောက် မျက်နှာစာမှာ  HDMI မပါသလို  Power Switch လည်းမပါပါဘူး။ SN-8600 ကို SN-8218 ထဲကို မှားသွင်းမိရင် စက်ကြောင်သွားနိုင်ပါတယ်။ ဖိုင် Name လည်း အတူတူဖြစ်တဲ့အတွက် သတိထားစေလိုပါတယ်။ ကူးနည်းကတော့ SN-8218 အတိုင်းပါ။

 NL- S 7812
 Firmware ဒီမှာ ယူပါ။

ရလာတဲ့  oadUSB.bin ဖိုင်ကို USB ထဲကို ကူးထည့်ပါ။ Folder အောက်တွင် မထည့်ပါနဲ့။ ပြီးရင် SKY NET စက်နောက်မှာ USB ကို တပ်လိုက်ပါ။


1.  menu            2. USB မှာ OK        3. USB Update မှာ OK     
4.Password ကို သုံည လေးခါ ပေးလိုက်ရင်
5. Restart ဖြစ်သွားပြီး တက်လာရင် USB upgrade ဖြစ်သွားတာ 100% ပြည့်ရင် OK ပါပြီ။

 KHS- S 862
နောက်ဆုံးထွက် Adaptor ပါတဲ့စက်ပါ။ မလိုအပ်ရင် သွင်းစရာမလိုပါဘူး။ စက်ထဲမှာ ရှိတဲ့ Firmware က Update ဖြစ်ပြီးသားပါ။ စက်ဖွင့်ပြီး မကြာခင် Remote ဘာမှနှိပ်မရဘဲ စက်ကြောင်နေတယ်ဆိုရင် သွင်းလိုက်ပါ။ ကောင်းသွားတတ်ပါတယ်။


 Firmware ဒီမှာ ယူပါ။

ရလာတဲ့  dld ဖိုင်ကို USB ထဲကို ကူးထည့်ပါ။ Folder အောက်တွင် မထည့်ပါနဲ့။ ပြီးရင် SKY NET စက်နောက်မှာ USB ကို တပ်လိုက်ပါ။

1.  menu            2. USB မွာ OK        3. USB Update မှာ OK      








ရှေ့မျက်နှာစာ Power Switch နားမှာ NL-S 3560 ပါမယ်။ SKY NET တံဆိပ်ပါတဲ့ အံဖုံးက အနက်ရောင်၊ Remote ကလည်း အနက်ဆိုရင်

Original from: http://minlwin-t4.blogspot.com/
မူလစာရေးသူ -->>ကိုမင်းလွင် (ကန့်ဘလူ)
ရှေ့မျက်နှာစာ Power Switch နားမှာ NL-S 3560 ပါမယ်။ SKY NET တံဆိပ်ပါတဲ့ အံဖုံးက အနက်ရောင်၊ Remote ကလည်း အနက်

Original from: http://minlwin-t4.blogspot.com/
မူလစာရေးသူ -->>ကိုမင်းလွင် (ကန့်ဘလူ)
ရှေ့မျက်နှာစာ Power Switch နားမှာ NL-S 3560 ပါမယ်။ SKY NET တံဆိပ်ပါတဲ့ အံဖုံးက အနက်ရောင်၊ Remote ကလည်း အနက်

Original from: http://minlwin-t4.blogspot.com/
မူလစာရေးသူ -->>ကိုမင်းလွင် (ကန့်ဘလူ)

45 comments:

  1. NL-S7812ကို UPDATE လုပ်ရင် ဘာတွေပြောင်းလဲသွားလဲ ခင်ဗျာ

    ReplyDelete
    Replies
    1. NL-7812 က ထွက်တာ မကြာသေးပါဘူး။ နောက်ဆုံး Transponder အားလုံးလဲ ပါပြီးသားဖြစ်ပါတယ်။ တင်စရာမလိုပါ။ Firmware ကျတဲ့အခါ သုံးရမှာပါ။

      Delete
    2. Computer နဲ့တင်တဲ့ firmware ပေးပါလား စက်က လုံးဝ မပွင့်တော့ဘူးဗျ

      Delete
  2. ကျေးဇူးပါ အကို
    အဲ့ဒီစက်ကို လိုင်းသစ်တွေထပ်ထည့်လို့ရလား

    ReplyDelete
    Replies
    1. ရပါတယ်။Password 1126 နဲ့ ၀ငါရမယ်။ Sat List မှာ ဂြိုဟ်တုအသစ်ထည့်ပြီး။ Transponder တွေကို ထည့်ပါ။ ပြီးရင် Search

      Delete
    2. transponder က ဘယ်နပါတ်တွေ ထည့်ရမှာလဲ အကို
      ကျွန်တော် နားမလည်လို့ပါ ပြောပြပေးပါ

      Delete
  3. ဘာလိုင်းတွေ ရလဲ အကို
    TP ကဘာနပါတ်တွေ ထည့်ရမှာလဲ ခင်ဗျာ

    ReplyDelete
  4. SN-8218-HDကိုအခြားဂြိုလ်တုကြည့်ခြင်ပါတယ် 1126နိုပ်တာမရပါ ကူညီပါ

    ReplyDelete
    Replies
    1. 1126 က Master Password ပါ။ Version မြှင့်ပြီးသားဆိုရင် 1126 ဆိုရင်ရပါတယ်။

      Delete
  5. Model 7812တွေမှာ 12407ကုဒ်က လိုင်းများမှာ
    programupdate ဖြစ်ဖြစ်နေတာ ဘယ်လိုလုပ်ရပါ့မလဲ ခင်ဗျ
    ဗားရှင်းမြှင့်ပြီးလည်း အဲ့လိုပဲဖြစ်ဖြစ်နေပါတယ်

    ReplyDelete
    Replies
    1. 7812 စက်တွေမှာ SKY NET မဟုတ်တဲ့လိုင်းတွေ ထည့်ထားရင် update စာတန်းပေါ်ပါတယ်။ အဲဒီလိုင်းတွေ ဖျက်လိုက်မှ ရပါမယ်။ ဘယ် software နဲ့မှ မရပါ။

      Delete
    2. Model NL-S7812 စက်တွေမှာ Factory Default လုပ်လိုက်ရင် စက်ဖွင့်တိုင်းပြမေးနေတဲ့ Update Programme ပျောက်သွားတယ်။

      Delete
  6. NL S 3601 စက်ကိုupdate file တင်လိုက်တာ A H ဆိုပီးစက်မှာပြနေတယ် ဘာမှထပ်အလုပ်မလုပ်တော့လို့  ဘာလုပ်ရမလဲခင်ဗျ

    ReplyDelete
    Replies
    1. IC ဖြုတ်ကူးမှရတော့မယ်ဗျ။ ဒါမှမဟုတ် RSP ကို ပို့လိုက်ပါ။

      Delete
  7. ကျေးဇူးတင်ပါတယ် အကိုဆိုင်သမား ic ဖြုတ်ကူးလိုက်ရတယ်

    ReplyDelete
  8. ​ကျေးဇူးပါ အကို

    ReplyDelete
  9. SN -8218 HD ကို အခြားလိုင်း​တွေ သွင်းလို့ရမလားခင်​ဗျ

    ReplyDelete
  10. သွင်းနည်း​လေးပါ ကူညီပါခင်​ဗျ

    ReplyDelete
  11. This comment has been removed by the author.

    ReplyDelete
  12. NL.S 3601 ကိုတင်ရင်ဘာတွေပြောင်းသွားလဲဆရာ

    ReplyDelete
  13. SN 8218(New) က Boot မှာရပ်နေတယ်ဆရာ ..ဆရာပြောသလို Power ပိတ် USB တပ် OK နှိပ်ပီး dl ပေါ်လာတော့လွတ်တာ Firmware ကတော့ရေးသွားပီး 900d ဆိုပီးရပ်နေပါတယ်ဆရာ ဘယ်လိုလုပ်ရမလဲဆရာကူညီပါဦးခင်ဗျ.

    ReplyDelete
    Replies
    1. Good ပြရင် firmware ကူးတာ ပြီးသွားပါပြီ။ စက်ကို ပိတ်ပြီးပြန်ဖွင့်လိုက်ရင် ရပါပြီ။

      Delete
  14. brother KHDS 297 FIRMWARE PLEASE

    ReplyDelete
  15. KHDS 297 FIRMWARE လေးပြောပေးပါလား

    ReplyDelete
  16. Khds297 မှာ mtrv4 frq. Syble rate. ရိုက်​သွင်းတာ signle တက်​​ပေမဲ့ လိုင်း​တွေမဝင်​ဘူးခင်​ဗျ ဘာလို​နေ​သေးလို့လဲခင်​ဗျ

    ReplyDelete
  17. Khds297 မှာ mtrv4 frq. Syble rate. ရိုက်​သွင်းတာ signle တက်​​ပေမဲ့ လိုင်း​တွေမဝင်​ဘူးခင်​ဗျ ဘာလို​နေ​သေးလို့လဲခင်​ဗျ

    ReplyDelete
  18. အစ်ကိုရေ MRTV-4 ထည့်တာ ကြည့်နေတုန်းမှာ LNB Shortcut ဆိုပြီးပိတ်ပိတ်သွားလို့ကူညီပေးပါခင်ဗျာ

    ReplyDelete
  19. ကိုယ့်ထက်နိမ့်တဲ့ဆော့ဝဲပြန်ထည့်ရင်ဘာဖြစ်တာလဲbro

    ReplyDelete
  20. ဆရာတို့ရေ sn 8626L sd firmware လေး တင်ပေးပါအုံး

    ReplyDelete
  21. KHDS 297 FW လေးပေးပါအုံးဆရာတို့

    ReplyDelete
  22. KHDS 297 က ပါဝါလာပြီး Logo မတက်တော့လို့
    လမ်းညွှန်ပေးပါ ခင်ဗျ

    ReplyDelete
  23. KHDS-862
    Remove မှ.minue နိပ်ရင် ဘာမှမပေါ်တော့ပါ ဘာဆက်လုပ်ရပါလည်း

    ReplyDelete
  24. 5101efwလိုလချင်​တယ်​ဆရာ

    ReplyDelete
    Replies
    1. ဟုတ်​ကျ​နော်​လဲလိုချင်​တယ်​တင်​​ပေး

      Delete
    2. ဟုတ်​ကျ​နော်​လဲလိုချင်​တယ်​တင်​​ပေး

      Delete
    3. ဟုတ်​ကျ​နော်​လဲလိုချင်​တယ်​တင်​​ပေးပါNl5101Efw

      Delete
    4. ဟုတ်​ကျ​နော်​လဲလိုချင်​တယ်​တင်​​ပေးပါNl5101Efw

      Delete
  25. ကျွန်တော် skynet က powerဖွင့်ရင် skynet ဆိုတဲ့ logo ဘဲတတ်နေတယ် ဘာမှလဲနိပ်လို့မရတော့ ဘူး Brother

    ReplyDelete
  26. 1080 p installation လုပ်မလို့
    Signal မတက်ဘူးဖြစ်​နေတယ်

    ReplyDelete
  27. MRTV 4 is now on SKY NET

    ReplyDelete

Related Posts Plugin for WordPress, Blogger...