SKY NET လိုင်းတွေ မရဘူးဖြစ်နေရင် လိုင်းပြန်ရှာပေးပါ။

SKY NET လိုင်းတွေ မရဘူးဖြစ်နေရင်

စက်တစ်မျိုးစီအတွက် ပုံတစ်ပုံချင်းစီကို လိုင်းရှာနည်း ရှင်းပြပေးထားပါတယ်။

ပထမနည်း
Menu နှိပ်၊ Clean Channels List မှာ Ok နှိပ် ပါ။
(တစ်ချို့စက် password တောင်းရင် သုံည လေးခါ နှိပ်ပေးပါ)။

ဒုတိယနည်း
Menu နှိပ်၊ Installation မှာ ok နှိပ်၊ Auto Scan မှာ Ok နှိပ်ပါ။
(တစ်ချို့စက် password တောင်းရင် သုံည လေးခါ နှိပ်ပေးပါ)။

Clean Channels List မပါသော NL-3560 စက်ဆိုရင်
Menu နှိပ်၊ Installation, Auto Scan , password 0000, Nit off ဆင်း ok နှိပ်ပါ။

                                                        ကိုမင်းလွင် (ကန့်ဘလူ)










SKY NET KHDS-862 စက်ကို USB ဖြင့် Firmware သွင်းမယ်။

 SKY NET KHDS-862 စက်ကို USB ဖြင့် Firmware သွင်းမယ်

         လက်ရှိ ကြည့်နေတဲ့စက် ကောင်းနေတဲ့စက်ကို သွင်းပေးစရာမလိုပါဘူး။ firmware ကျနေတဲ့ စက်တွေကိုပဲ သွင်းပေးပါ။

 Firmware ကို  အောက်ပါ link မှာ အရင်ယူလိုက်ပါ။ KONKA_Auto_USBUpdate.SDL ဆိုတဲ့ဖိုင်ရပါမယ်။




ရလာတဲ့ SDL ဖိုင်ကို USB မှာ ထည့်ပါ။ folder ထဲမှာ မထားဘဲ root directory အပြင်မှာပဲထားပါ။





         SKYNET  KHD-862 စက်တွေ  Firmware ကျတဲ့အခါ  အောက်ကပုံလို Down Load Fail ဖြစ်သွားတတ်ပါတယ်။












Sky Net သက်တမ်းကုန်ရက် ကြည့်မယ်

Sky Net သက်တမ်းကုန်ရက် ကြည့်မယ်
****************************
www.skynet.com.mm ကို browser တစ်ခုဖြင့် ဦးစွာ ဝင်ရပါမယ်။



မိမိရဲ့Sky Net ကတ်နံပါတ်ကို အရင်ထည့်ပါ ။ Check Area ကို နှိပ်ပါ။ မိမိ ကတ်နံပါတ် မှန်တယ်ဆိုရင် အပေါ်တန်းမှာ မြို့နယ် အမည် ပေါ်လာပါမယ်။ မှားနေတယ်ဆိုရင် * The Smart Card's Area cannot be found. * ဆိုပြီးပြပါမယ်။




ကတ်နံပါတ်မှန်လို့ မြို့နယ်အမည်ပေါ်လာပြီဆိုရင် Enquiry ကိုနှိပ်လိုက်ပါ။ ကိုယ်တိုးထားတဲ့ package အမည်နဲ့ သက်တမ်းကုန်ရက်ကို အပေါ်တန်းမှာ ပေါ်လာပါမယ်။



သက်တမ်းကုန်နေတယ် ဒါမှမဟုတ် RSP က တိုး မပေးသေးဘူးဆိုရင်တော့ The specified smart card's subscription may be expired. ဆိုတာ ပေါ်ပါမယ်။




                                                    လိုအပ်သလို သုံးနိုင်ကြပါစေ -

                                                                                                      ကိုမင်းလွင်-ကန့်ဘလူ

SKY NET KHD-297 စက်ကို USB ဖြင့် Firmware သွင်းမယ်

SKY NET  KHD-297 စက်ကို USB ဖြင့် Firmware သွင်းမယ်

         လက်ရှိ ကြည့်နေတဲ့စက် ကောင်းနေတဲ့စက်ကို သွင်းပေးစရာမလိုပါဘူး။ firmware ကျနေတဲ့ စက်တွေကိုပဲ သွင်းပေးပါ။

 Firmware ကို  အောက်ပါ link မှာ အရင်ယူလိုက်ပါ။ program.bin ဆိုတဲ့ဖိုင်ရပါမယ်။


ရလာတဲ့ program.bin ဖိုင်ကို USB မှာ ထည့်ပါ။ folder ထဲမှာ မထားဘဲ root directory အပြင်မှာပဲထားပါ။

        
SKYNET  KHD-297 စက်တွေ  Firmware ကျတဲ့အခါ  အောက်ကပုံလို OTA ဖြစ်သွားတတ်ပါတယ်။

Related Posts Plugin for WordPress, Blogger...