SERVICE အတွက် ကျနော့ရဲ့ Google Site

 
 
 

 

 
 ကျနော့ရဲ့ Google Site
=============
SKY NET ကို ရောင်းချသူဖြစ်ဖြစ် တပ်ဆင်သူဖြစ်ဖြစ် Customer Complaint တွေအမြဲကြုံတွေ့နေရမှာပါ။ အများစုကတော့ ဗန်းလွှဲတာ၊ လိုင်းပျက်တာတွေဖြစ်ကြတာပါ။ စက်တစ်မျိုးနဲ့တစ်မျိုးက setting တူသလိုရှိပေမယ့် တစ်ဆင့်ခြင်း ဖုန်းနဲ့ပြောတဲ့အခါ အမျိုးအစားအားလုံးအတွက် အလွတ် ပြောဖို့ အခက်အခဲလေးတွေ ရှိနေတတ်ပါတယ်။ ဒါတွေကို ဖြေရှင်းနိုင်ဖို့ ကျနော့ဆိုင်မှာသုံးဖို့ ကိုယ်တိုင်လုပ်ထားတဲ့ Site လေး မျှဝေပေးပါရစေ။
စက် MODEL အားလုံးအတွက်
တစ်ဆင့်ခြင်း ဖြေပေးနိုင်ဖို့ ပုံတွေနဲ့ တင်ပေးထားပါတယ်။
ဘာတွေပါမလဲဆိုတော့−
1. SIGNAL INFO
2. MANUAL SCAN
3. FACTORY DEFAULT
4. CLEAN CHANNEL LIST

1..Signal Info
--------------
ကိုယ်ရဲ့ဗန်းဟာ အမြဲတမ်း Signal အပြည့်ရှိနေလား စစ်နိုင်ဖို့ ဒီမှာ ဝင်ကြည့်နိုင်တယ်။ ရုပ်သံလိုင်းတွေတော့ စက်ထဲမှာ ရှိနေရပါမယ်။

2. Manual Scan
တကယ်လို့ ရုပ်သံလိုင်းတွေ မရှိတော့ရှင် Signal စစ်မယ်ဆိုရင်တော့ Manual Scan ထဲဝင်ပြီး Transponder (၅) ခုစလုံးကို
ဒီအပိုင်းမှာ ဝင်ပြီး ကြည့်ရမှာပါ။
.
3. Factory Default
စက်တွေ ကြောင်သွားတာ၊ No Signal ဖြစ်နေတာ တွေ ဖြစ်နေတယ်ဆိုရင် Factory Default (နဂို စက်ရုံထုတ်အခြေအနေ) လုပ်ပေးရတာတွေလည်းရှိတတ်ပါတယ်။
.
4. Clean Channel List
လိုင်းတွေ ပျောက်နေတာမျိုး။ လျော့နေတာမျိုးဆိုရင်တော့
Clean Channel List ကို ဝင်ပြီး လိုင်းရှာပေးဖို့ပါ။
.
ဒီ (၄)မျိုးနဲ့ဆို Customer Complaint အတွက် လုံလောက်ပါပြီ။ နောက်ပိုင်းမှာ လိုအပ်တာလေးတွေ ထပ်ဖြည့်ပေးပါဦးမယ်။
WEB Page Link
ကျနော်ကတော့ PC က browser ရဲ့ bookmark Bar မှာ တင်ပြီး သုံးနေပါတယ်။
Android APP လုပ်ပေးထားပါတယ်။
 
                                                အားလုံး ကျေးဇူးပါ−
                                                                                 ကိုမင်းလွင် (ကန့်ဘလူ)

SKY NET စက်ရဲ့ Remote အစား ဖုန်းနဲ့ သုံးမယ်

 SKY NET စက်ရဲ့ Remote အစား ဖုန်းနဲ့ သုံးမယ်


 
 

 
 
 

 
        Remote မရှိလည်း ဒီ app လေးသွင်းပြီး ဖုန်းနဲ့သုံးနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ဖုန်းမှာ IR Sensor ပါမှ အလုပ်လုပ်ပါမယ်။ စက် model အားလုံး သုံးနိုင်အောင် remote အမျိုးအစား A ကနေ Z ထိရှိတဲ့ အမျိုးအစားအားလုံးထဲက တစ်ခုချင်း စိတ်ရှည်လက်ရှည် ရှာပေးထားပါတယ်။

SIGNAL INFO for ALL SKY NET STB

 SIGNAL INFO for ALL SKY NET STB

 


 

SKY NET ALL FIRMWARE (USB Upgrade)

 

SKY NET ALL FIRMWARE (USB Upgrade)

 

NL-S3560 မှသည် နောက်ဆုံး NL-5101E_S2 အထိ စက်အမျိုးအစား (၁၂) မျိုးရှိပါတယ်။ ခုတင်ပေးထားတာကတော့ USB နဲ့ upgrade လုပ်တဲ့ firmware တွေပါ။ 
NL-5101E (S2 စာလုံးမပါတဲ့စက်) အတွက် Firware မထွက်လို့ (11) ဖိုင်ပဲ ပါရှိပါမယ်။

ကြည့်လို့ရနေတယ်ဆိုတော့ upgrade လုပ်စရာ မလိုပါဘူး။ လုပ်လဲ ဘာမှ မထူးခြားပါဘူး။ firmware ကျ သွားတဲ့ အခါ တင်ပေးရပါမယ်။

ဖိုင်ကို ဒီမှာ ယူပါ။
 
အဲ့မှာ မရရင် ဒီမှာ ယူပါ။

ဘယ်ဖိုင်က ဘယ်စက်အတွက်ဆိုတာတော့ ရှင်းမပြတော့ဘူး။ အဲ့ဖိုင်တွေအားလုံးကို USB Stick ထဲသာ ထည့်ထားလိုက်ပါ။ စက်အားလုံးအတွက် ပြည့်စုံပါတယ်။

ရလာတဲ့ ဖိုင်တွေကို USB ထဲကို ကူးထည့်ပါ။ folder ထဲ မထည့်ဘဲ အပြင်မှာ ထားပေးပါ။

SKY NET စက်ကို USB ထိုး ၊ USB upgrade ထဲဝင်ပြီး password တောင်းလာရင် သုညလေးလုံး နှိပ်ပေးပါ။

                                                              ကိုမင်းလွင် (ကန့်ဘလူ)
Related Posts Plugin for WordPress, Blogger...