Android ဖုန်းမှာ SATELLITE DIRECTOR App အသုံးပြုနည်း
Android ဖုန်းမှာ Satellite Director application သွင်းပြီး Satellite Direction ကို အလွယ်တကူ ရှာနိုင်ပါတယ်။ ကိုယ်က ဘယ်နေရာ ဘယ်ဒေသရောက်နေနေ ဒီဟာလေးသုံးပြီး Sat Direction ကို ရှာလို့ရမှာပါ။
သုံးရမဲ့ Satellite Director App ကို ဒီမှာ နှိပ်ပြီး ဒေါင်းလိုက်ပါ။ ပြီးရင် ဖုန်းထဲကို Install လုပ်လိုက်ပါ။
ဒီ App သုံးနိုင်ဖို့အတွက် မိမိဖုန်းမှာ Magnetic field Sensor နဲ့ GPS Sensor ပါရပါမယ်။ အဲဒါမပါရင်တော့ သုံးလို့ မရပါဘုး။ Compass သဘောဖြစ်တဲ့အတွက် သံလိုက်အိမ်မြောင် Magnetic Sensor ပါမှ ရပါမယ်။
Satellite Director ဖွင့်ပါမယ်။
အဆင့် (၃)ဆင့် ရှိပါမယ်။
(1) Locatoin (ကိုယ်ရောက်ရှိတဲ့နေရာကို လတ်တီ-လောင်ဂျီ ထည့်မယ်။
(2) Satellite ဖမ်းမဲ့ ဂြိုဟ်တု ရွေး ။
(3) Director ဂြိုဟ်တု Direction ကို ရှာပါမယ်။
(1) Location
ကိုယ်ရှိတဲ့နေရာ GPS location ကို အရင်ဆုံးထည့်ပေးရပါတယ်။ Location ပေါ်မူတည်ပြီး Directionကို ပြမှာ ဖြစ်တဲ့အတွက် ဘယ်ဒေသရောက်ရောက် အမှန်ကို ပြပေးမှာဖြစ်ပါတယ်။ အရင်ဆုံး GPS (သို့မဟုတ်) Location ကို ဖွင့်ပေးပါ။ GPS Satellites Signal ရဖို့ အမိုးအကာလွတ်တဲ့ နေရာမှာ အရင်ရှာရမှာပါ။
Reset GPS (data) ကို တစ်ချက်နှိပ်ပါ။ ရလာတဲ့ GPS Signal တန်းတွေ တစ်တန်းပြီးတစ်တန်း တက်လာပါမယ်။ လတ္တီကျု့ ၊ လောင်ဂျီကျု့ ထည့်မှာ ဂဏန်းတွေ ပေါ်လာပါမယ်။ ပေါ်မလာဘူးဆိုရင် Sat Director ကို ပိတ်ပြီး ပြန်ဖွင့်လိုက်ပါ။
ခုလိုပဲ ပေါ်လာပြီဆိုရင် OK ပါပြီ။
GPS အဆင်မပြေလို့ လတ်တီ-လောင်ဂျီတွေ မပေါ်ရင်တော့ ကိုယ်တိုင် တန်ဖိုးရိုက်ထည့်ရပါမယ်။ လွယ်ပါတယ်ခင်ဗျာ။
GPS ပိတ်လိုက်ပါ။
ကိုယ့်ရှာမဲ့မြို့နယ်ရဲ့ လတ်တီ-လောင်ဂျီ တန်ဖိုးတွေကို http://www.latlong.net/ ကို သွားပြီး ရှာပါမယ်။
ဒါကတော့ မုံရွာမြို့ရဲ့ Latitude နဲ့ Longitude ကို ရှာပြထားတာပါ။
ရလာတဲ့ လတ်တီ-လောင်ဂျီကို ကိုယ်တိုင်ရိုက်ထည့်ပါမယ်- ကျန်တာ ရိုက်စရာမလိုပါ။ Longitude တန်ဘိုး ရိုက်ပြီး Enter နှိပ်လိုက်တာနဲ့ Altitude နဲ့ Accuracy က ဖြည့်ပြီးသားဖြစ်သွားမှာပါ။ လတ်တီ နဲ့ လောင်ဂျီပဲ ရိုက်ရမှာပါ။
(2) Satellites ရွှေးပါမယ်။
ကိုယ်ဖမ်းမဲ့ Satellite ကို ရွေးချယ်ပါ။ Thaicom 5 ကို ရွေးထားပါတယ်။
(3) Director ကို နှိပ်ပါ။
အပေါ်ပုံအတိုင်းပဲ Thaicom 5 ဖမ်းဖို့အတွက် အပြာစက်ကလေး ကို မြှားခေါင်းအောက်က အ၀ိုင်းထဲကို ရောက်အောင် Direction ပြောင်းပေးပါ။ အ၀ိုင်းထဲရောက်တယ်ဆိုရင် အသံအချက်ပေးပါတယ်။ မြှားခေါင်းတည့်တည့်က Thaicom 5 ဂြိုဟ်တုရဲ့ Direction ဖြစ်ပါတယ်။ ဒီအတိုင်းပဲ ဘယ်နေရာ ဘယ်ဒေသ ရောက်ရောက် ကိုယ်ဖမ်းချင်တဲ့ ဂြိုဟ်တုကို အလွယ်တကူ ဖမ်းနိုင်မှာပါခင်ဗျာ-
t
အကိုတင်ထားတဲ့...
ReplyDeleteSatellite Director application
သုံးပြီး psi စက်ကို လိုင်းဖမ်းကြည့်မလို့ပါ။
ကျွန်တော့်ဖုန်းက သံလိုက်အိမ်မြှောင်နဲ့ direction ညွှန်ပြတဲ့အဆင့်ကျ လုပ်လို့မရတော့ဘူး။ဘယ်လိုဆက်လုပ်ရမလဲ။လမ်းညွှန်ပါအုံး ...အကို။
ရွာထဲက အကူအညီတောင်းလို့ ကူညီကြည့်တာပါ။
မောင်းထောင်ကျေးရွာ၊စစ်ကိုင်းမြို့နယ်ကပါ
09793529205
Delete09793529205
ReplyDeleteဘယ်ရာမှာလဲ
Delete