SKY NET NL-5101E S2 စက် Firmware ပျက်တယ်ဆိုရင်

 

 SKY NET NL-5101E S2 စက် Firmware ပျက်တယ်ဆိုရင်


 

1.

Firmware ကို ဒီမှာ အရင်ယူပါ။

http://u.pc.cd/1tz7

ရလာတဲ့ recovery.rcv ဖိုင်ကို USB စတစ်ထဲကူးထည့်ပါ။

Folder အောက်ထဲ မထားပဲ root directory အပြင်မှာပဲ ကူးထားပါ။ စက်နောက်မှာ ထိုးပေးထားပါ။

2.

remote က အပြာ တစ်ချက် အဝါ တစ်ချက်နှိပ်လိုက်ပါ။ စက်က ပုံမှန်အတိုင်း တက်သွားပြီး NO SIGNAL ဆိုပြီးဖြစ်နေပါမယ်။


 

 



3.

Firmware သွင်းဖို့အတွက် menu , USB , USB update ကို တစ်ဆင့်ခြင်း နှိပ်ပါ။ password တောင်းတဲ့အခါ သုည လေးလုံး ထည့်ပေးလိုက်ပါ။ USB upgrade ဆိုပြီး % အပြည့်တက်သွားပါမယ်။ ပြီ:သွားရင် စက်က ပြန်တက်လာပါမယ်။

4.

Factory reset ချဖို့အတွက် Menu , Installation , factory default ကို တစ်ဆင့်ခြင်းနှိပ်၊ password ကို သုံညလေးလုံးနှိပ်ပြီး yes မှာ ok ပေးလိုက်ပါ။ စက်က ပိတ်သွားပြီး ပြန်စလာမယ်၊ ပြန်တက်လာရင် auto လိုင်းရှာသွားပြီး လိုင်း(၈၀) ကျ လာရင် ရပါပြီ။ အားလုံး အဆင်ပြေကြပါစေ

မင်းလွင် (ကန့်ဘလူ)

 

 





Related Posts Plugin for WordPress, Blogger...