SKY NET KHD-862 စက်ကို I.C ကူးစက်ဖြင့် Firmware တင်မယ်

SKY NET KHD-862 စက်ကို I.C ကူးစက်ဖြင့်  Firmware တင်မယ်




      SKY NET KHD-862  စက်တွေ  Firmware ကျသွားတာတွေ ရှိတတ်ပါတယ်။ အဲ့စက်မှာ  USB ကနေ Boot အခြေအနေမှာ တင်လို့ရရင်လည်း ရမှာပါ။ ကျွန်တော်တော့ မသိသေးလို့ I.C ဖြုတ်ကူး မဲ့နည်းလမ်းလေး မျှဝေပေးလိုက်ပါတယ်။ SKY NET စက်တွေကို အာမခံ တစ်နှစ်ပေးထားတာဖြစ်တဲ့အတွက် တစ်နှစ်ကျော်တဲ့စက်များကိုပဲ စိတ်ကြိုက် ပြင်စေချင်ပါတယ်။ တစ်နှစ်အတွင်းလည်းဖြစ်တယ်၊ RSP ပို့လိုက် လို့ ပြင်မရဘူးဆိုရင်တောင် အသစ်လဲပေးတာမျိုးရှိပါတယ်။ ဒီလိုပြောရတာကလည်း တစ်နှစ်အတွင်း ဝယ်ထားတဲ့  စက်ကို ဖွင့်ပြင်မယ်ဆိုရင် စဉ်းစားဖို့ပါ။


စလောင်းဝါသနာရှင်များအတွက် ကျွန်တော် FORUM တစ်ခု လုပ်ထားပါတယ်။



စလောင်းဝါသနာရှင်များအတွက် ကျွန်တော်  FORUM တစ်ခု လုပ်ထားပါတယ်။

စလောင်းနဲ့ပတ်သက်တဲ့ နည်းပညာတွေ ဖလှယ်နိုင်ဖို့ ရည်ရွယ်ပါတယ်။



ခုမှ စလုပ်နေတာဖြစ်တဲ့ အတွက် လိုအပ်ချက်တွေ အများကြီးပါ။  တဖြည်းဖြည်းနဲ့ ပြည့်စုံလာအောင် ကြိုးစားသွားမှာပါ။

Forum ထဲဝင်ဖို့အတွက် REGISTER လုပ်ထားနိုင်ပါတယ်။

Register လုပ်တဲ့ အပိုင်းကို လွယ်ကူအောင် လုပ်ပေးထားပါတယ်။



ကျေးဇူးတင်ပါတယ်။

Dish Installation အခြေခံ (Digital Video Broadcasting and Satellites)

Dish Installation အခြေခံ

Digital Video Brocasting (DVB)

ယခု လက်ရှိ ကျွန်တော်တို့ နိုင်ငံမှာ Digital Video Broadcasting(DVB) ဒီဂျစ်တယ် ရုပ်သံလွှင့်တဲ့ စနစ် (၂)မျိုးတွေ့ရပါတယ်။  DVB-T  စနစ်နဲ့  DBV-S  စနစ်တို့ဖြစ်ပါတယ်။


DVB-T  မှာ T ဆိုတာကတော့ TERRESSTIAL  ကုန်းမြေပြင် တစ်လျှောက် ရုပ်သံလွှင့်တဲ့စနစ်ဖြစ်ပါတယ်။  နောက်တစ်ဆင့်မြင့် နည်းပညာ DVB-T2 ကို အသုံးပြုနေပါပြီ။


DVB-S မှာ S ဆိုတာက  Satellite နည်းပညာဖြင့် ထုတ်လွှင့်ခြင်းစနစ်ဖြစ်ပါတယ်။ နောက်တစ်ဆင့်မြင့်  S2  သုံးနေပါပြီ။



I.C ကူးစက်(PROGRAMMER)ဖြင့် Firmware တင်ခြင်း


  I.C ကူးစက်(PROGRAMMER)ဖြင့် Firmware တင်ခြင်း

         Firmware တင်တဲ့ နည်းလမ်းတွေထဲမှာ ဒီတစ်နည်းပဲ ကျန်တော့လို့ နည်းနည်း လေ့လာပြီး တင်ပေးလိုက်ပါပြီ။ ရှေ့က POST တွေမှာ  စက် to စက် ကူးတာ၊ PC နဲ့ တင်တာ၊ OTA နဲ့ တင်တာတွေ ရှင်းပြခဲ့ပြီးပါပြီ။

      Firmware တင်တယ်ဆိုတာ Flash I.C (Eeprom IC) ထဲကို Firmware file ကို ကူးထည့်ပေးရတာပါ။ PC နဲ့ တင်မယ်ဆိုရင် Firmware တင်ဖို့ Tools တွေလိုပါတယ်။ စက်အမျိုးအစားများစွာအတွက် သူနဲ့သက်ဆိုင်တဲ့ Tools ကိုသုံးပြီး Flash I.C ထဲကို ကူးထည့်  ပေးရတာပါ။ IC ကူးစက်ကတော့ Firmware ကူးမဲ့ IC ကို ဖြုတ်ပြီး တိုက်ရိုက် Firmware တင်တာဖြစ်တဲ့အတွက် ဘယ်စက်မျိုးအတွက်ပဲဖြစ်ဖြစ် Tools တွေ မလိုဘဲ ကူးလို့ ရပါတယ်။  နောက်ပြီး ကောင်းနေတဲ့ စက် IC ထဲက Firmware ကို ဆွဲထုတ်လို့ရတာပါပဲ။ ဒါကတော့ I.C ဖြုတ်ကူးတဲ့  စနစ်ရဲ့ အားသာချက်တွေပါ။ အားနည်းချက်ကတော့ စက်ဖုံးဖွင့် IC ဖြုတ်၊ Firmware တင်ပြီး  IC ကို ပြန်တပ်ရတာပါ။ ဒါကလည်း အစပါပဲ။ နောက် လွယ်သွားတာပါ။


        ကျွန်တော်သုံးတဲ့စက်က  EZP 2010 အမျိုးအစားပါ။ 24 , 25, 93   အမျိုးအစား IC များကို ကူးနိုင်ပါတယ်။ IC ထည့်တဲ့ ခွက်က ထပ်ဝယ်ထားတာပါ။ 24 က 25 ထက်သေး ပါတယ်။ IC ထည့်ခွက် နှစ်မျိုးစလုံး ဝယ်လို့ရပါတယ်။ 25 IC တွေပဲ ကူးရမှာဖြစ်တဲ့အတွက် 25 တစ်မျိုးဆိုရပြီ။ IC ကူးစက်က အခြား အမျိုးအစားတွေလည်းရှိပေမယ့် အခြေခံ သဘောတရား တူပါတယ်။






TV ရှေ့ကနေ စလောင်း Signal ပြောပေးဖို့ Wifi Talkie Free App (For Android)

ကျနော်သုံးနေတာ အဆင်ပြေတယ်ဗျ။  TV နဲ့ စလောင်းက ဝေးနေတယ်ဆိုရင် ဒီ App လေးသုံးကြည့်ပါ။ Wi-Fi သုံးပြီး ဖုန်းခေါ်တဲ့ App လေးပါ။ သုံးရလွယ်ပါတယ်။ Wi-Fi ဆိုတော့ Free ပေါ့။

                 APP ကို    ဒီမှာ ယူပါ။

ဒီ app ကို ဖုန်းနှစ်လုံးစလုံးမှာ Install လုပ်ပါ။ ပြီးရင် Zapya နဲ့ အရင်ချိတ်လိုက်ပါ။ App ကို ဖွင့်လိုက်ပါ။ 


SKY NET HD စက် SN-8218 အတွက် CIRCUIT DIAGRAM

 SKY NET  HD စက် SN-8218 အတွက်
CIRCUIT  DIAGRAM

SKY NET HD စက္ SN-8218

SN- 8218 မူကွဲတွေ များသလို Circuit တည်ဆောက်ပုံဟာ မတူပါ။ အခြေခံသဘောတရား တူညီတဲ့အတွက် ဒီတစ်မျိုးရရင် ကျန်တာတွေလဲ အဆင်ပြေမယ်ထင်ပါတယ်။

SKY NET SD စက် NL-S3560 အတွက် CIRCUIT DIAGRAM


SKY NET  SD စက် NL-S3560 အတွက်  CIRCUIT  DIAGRAM

SERVICE လုပ်တဲ့ အကိုတို့အတွက် လိုအပ်မယ်ထင်ပါတယ်။


SKY NET SD စက် NL-S3560



SKY NET NL-3560 စက်ကို PC ဖြင့် Firmware တင်ခြင်း

SKY NET  NL-3560 စက်ကို PC ဖြင့်  Firmware တင်ခြင်း

     အရင် POST တွေမှာ USB ကနေ Upgrade လုပ်တာကို ရှင်းပြပြီးဖြစ်ပါတယ်။ ခုတစ်ခါ PC နဲ့ Firmware တင်နည်းကို ရှင်းပြမှာပါ။  ကိုယ်စက် ကောင်းနေတယ်ဆိုရင်တော့ USB နဲ့ပဲတင်လိုက်ပါ။ USB နဲ့ တင်နေတုန်း မီးပျက်သွားရင် Firmware ကျသွားတတ်ပါတယ်။ အဲဒီလို Firmware ကျတဲ့စက်၊ Boot ဆိုပြီးရပ်နေတဲ့ စက်တွေကို PC နဲ့ တင်ဖို့အတွက်ပါ။ အမှန် Tool တစ်ခုထဲ တင်ပေးလိုက်ရင်တောင် နားလည်ပြီးသား အကိုတို့ လုပ်တတ်ပေမယ့်  အသေးစိတ် ရှင်းပြမှာမို့ သိပြီး နားလည်ပြီးတဲ့ အပိုင်းကို ကျော်ဖတ်လိုက်ကြပါ။ စာရှည်သွားပြီ.......

     စရအောင်ဗျာ-

     NL-3560 နှစ်မျိုးရှိပါတယ်။ Firmware နှစ်ခု မတူပါ။ SKY NET Logo အောက်ခံပြား ငွေရောင် နဲ့ အနက်ရောင်ပါ-


 PC ရဲ့ Serial port (9 Pin) နဲ့ NL-3560 စက်ရဲ့ RS-232 Port ကို ချိတ်ဆက်ပြီးကူးမှာဖြစ်တဲ့အတွက် မိမိ PC နဲ့ Laptop မှာ Serial ပေါက် မပါရင် USB to RS-232 Converter ကြိုးဝယ်၊ ပြီးရင် Driver မှန်အောင် တင်ပေး ရပါမယ်။ အရင်က Post တွေမှာ ရှင်းပြထားပြီးပါပြီ။


Related Posts Plugin for WordPress, Blogger...