SKY NET REMOTE CONTROL များ

SKY NET REMOTE CONTROL များ

Sky Net စက် (၁၁) မျိုးလောက်ရှိပေမယ့် remote အမျိုးအစားက (၅) မျိုးပဲ ရှိပါတယ်။ အမျိုးအစားအားလုံးကို အခြား Electronic ဆိုင်များမှာ ၀ယ်ယူလို့လည်း ရနေပါပြီ။ original remote ၀ယ်ချင်တယ်ဆိုရင်တော့ RSP ဆိုင်တွေမှာပဲ ရနိုင်မှာပါ။ original ဆိုတာလဲ နောက်ပိုင်းထွက်တဲ့ စက်ပေါက်စလေးတွေအတွက်ပဲ ရတော့မှာပါ။ Sky Net Showroom တွေမှာ စက် Model (ဒါမှမဟုတ်) စက်နံပါတ် ပြောလိုက်တာနဲ့ သူနဲ့ ကိုက်ညီတဲ့ remote တွေ ရောင်းချပေးနိုင်ပါတယ်။ ဒါပေမယ့် အပြင်ဆိုင်တွေမှာ သွား၀ယ်ရင် ၀ယ်ပြီးမှ အမျိုးအစား မကိုက်လို့ ပြန်လဲရတာတွေ ဖြစ်တတ်ပါတယ်။ ဒီလို ဖြစ်နေတာတွေ အဆင်ပြေသွားအောင် ဘယ်စက်ဆို ဘယ် remote ၀ယ်ရမယ်ဆိုတာ ရှင်းပြပေးပါမယ်။

SKY NET DTH ရဲ့ FTA (Free To Air) အခမဲ့ ရုပ်သံလိုင်းများ

SKY NET DTH ရဲ့ FTA (Free To Air) အခမဲ့ ရုပ်သံလိုင်းများ

 
 
 
FTA ရုပ်သံလိုင်းအနေနဲ့ အမျိုးအစား (၃)မျိုးရှိပါမယ်။
.
.၁။ SKY NET ရုပ်သံစက် (စက်နှင့် ကတ် မူရင်းအတိုင်းဆိုပါက −)
  1. Buddha
  2. MRTV
  3. MWD
  4. MRTV
  5. MRTV Entertainment
  6. MITV
  7. MNTV
  8. Channel One
  9. Channel 9
  10. Shopping Channel 2
  11. Pay Per View 2 စသည့် Channel များ အားလုံး ကြည့်ရပါမယ်။
.
၂။ SKY NET ရုပ်သံစက် (မူရင်းအတိုင်းမဟုတ်ဘဲ အခြားစက်မှ ကတ် ထည့်ထားမယ်ဆိုရင် −)
  1. MWD , Channel One နဲ့ Pay Per View 2 လိုင်း(၃)လိုင်း ကြည့်လို့ မရပါ။ Car Pair ြဖစ်နေပါမယ်။
.
၃။ SKY NET မဟုတ်သော အခြား FTA Recevier စက်များ
  1. Buddha
  2. MITV
  3. Shopping Channel 2 လိုင်းတွေ ပွင့်ပါမယ်။
                                                                                                            ကိုမင်းလွင် (ကန့်ဘလူ)

 

Related Posts Plugin for WordPress, Blogger...