I.C ကူးစက်(PROGRAMMER)ဖြင့် Firmware တင်ခြင်း


  I.C ကူးစက်(PROGRAMMER)ဖြင့် Firmware တင်ခြင်း

         Firmware တင်တဲ့ နည်းလမ်းတွေထဲမှာ ဒီတစ်နည်းပဲ ကျန်တော့လို့ နည်းနည်း လေ့လာပြီး တင်ပေးလိုက်ပါပြီ။ ရှေ့က POST တွေမှာ  စက် to စက် ကူးတာ၊ PC နဲ့ တင်တာ၊ OTA နဲ့ တင်တာတွေ ရှင်းပြခဲ့ပြီးပါပြီ။

      Firmware တင်တယ်ဆိုတာ Flash I.C (Eeprom IC) ထဲကို Firmware file ကို ကူးထည့်ပေးရတာပါ။ PC နဲ့ တင်မယ်ဆိုရင် Firmware တင်ဖို့ Tools တွေလိုပါတယ်။ စက်အမျိုးအစားများစွာအတွက် သူနဲ့သက်ဆိုင်တဲ့ Tools ကိုသုံးပြီး Flash I.C ထဲကို ကူးထည့်  ပေးရတာပါ။ IC ကူးစက်ကတော့ Firmware ကူးမဲ့ IC ကို ဖြုတ်ပြီး တိုက်ရိုက် Firmware တင်တာဖြစ်တဲ့အတွက် ဘယ်စက်မျိုးအတွက်ပဲဖြစ်ဖြစ် Tools တွေ မလိုဘဲ ကူးလို့ ရပါတယ်။  နောက်ပြီး ကောင်းနေတဲ့ စက် IC ထဲက Firmware ကို ဆွဲထုတ်လို့ရတာပါပဲ။ ဒါကတော့ I.C ဖြုတ်ကူးတဲ့  စနစ်ရဲ့ အားသာချက်တွေပါ။ အားနည်းချက်ကတော့ စက်ဖုံးဖွင့် IC ဖြုတ်၊ Firmware တင်ပြီး  IC ကို ပြန်တပ်ရတာပါ။ ဒါကလည်း အစပါပဲ။ နောက် လွယ်သွားတာပါ။


        ကျွန်တော်သုံးတဲ့စက်က  EZP 2010 အမျိုးအစားပါ။ 24 , 25, 93   အမျိုးအစား IC များကို ကူးနိုင်ပါတယ်။ IC ထည့်တဲ့ ခွက်က ထပ်ဝယ်ထားတာပါ။ 24 က 25 ထက်သေး ပါတယ်။ IC ထည့်ခွက် နှစ်မျိုးစလုံး ဝယ်လို့ရပါတယ်။ 25 IC တွေပဲ ကူးရမှာဖြစ်တဲ့အတွက် 25 တစ်မျိုးဆိုရပြီ။ IC ကူးစက်က အခြား အမျိုးအစားတွေလည်းရှိပေမယ့် အခြေခံ သဘောတရား တူပါတယ်။






Related Posts Plugin for WordPress, Blogger...