Sky Net SN-8218 ကို PVR ပါတဲ့ Firmware ထည့်မယ်။

Sky Net  SN-8218 ကို PVR ပါတဲ့ Firmware ထည့်မယ်။

 SKY NET SN-8218 စက်တွေရဲ့ နောက်ဆုံးထွက်တဲ့  Firmware Version မှာ ကိုယ်ကြိုက်တဲ့
အစီအစဉ်တွေကို USB Stick ထဲ Record လုပ်လို့ရတဲ့ PVR (Personal Video Recorder ဆိုတာ မပါတော့ပါဘူး။ ဒါကြောင့် အစီအစဉ်တွေကို ကူးနိုင်ဖို့  PVR ဆိုတာ ပါလာအောင် Firmware Ver 10 ကို ပြောင်းမှရမှာဖြစ်ပါတယ်။




Sport 4, 5, 6 လိုင်းရဲ့ Transponder 10973 V 24500  ကို Manually ရိုက်ထည့်ပေးပြီး Channel Search ပြန်လုပ်ရပါမယ်။

Power Switch   က အထက်အောက် ဖြစ်နေတဲ့ စက်အမျိုးအစားသာ SN-8218 ဖြစ်ပါတယ်။ စက်ပုံစံတူပြီး Power Swicth ဘေးတိုက်ပါတာနဲ့ Switch လုံးဝမပါတဲ့ စက်ဆိုရင် ဒီ Firmware နဲ့ မကိုက်ပါဘူး။ စက်ကြောင်သွားနိုင်ပါတယ်။



ota.bin ဆိုတဲ့ဖိုင်ရလာပါမယ်။ အဲဒီဖိုင်ကို File Name မပြောင်းပဲ။ Memory Stick ထဲကို ထည့်လိုက်ပါ။ Folder ထဲကို မထည့်ဘဲ။ အပြင်မှာဘဲ ထည့်ရပါမယ်။

စက်ထဲကို Firmware ထည့်ပါမယ်။ နည်းလမ်း (၂)မျိုးရှိပါမယ်။

ပထမနည်း

USB Stick ကို Receiver မှာ တပ်လိုက်ပါ။ စက်ကိုဖွင့်ပါ။ ပြီးရင် Menu, USB , USB Upgrade နှိပ်လိုက်ပါ။




 ပြီးသွားရင် စက်က Restart ဖြစ်ပြီး ပြန်တက်လာတဲ့အချိန်မှာ Channel Search အတွက် OK နှိပ်ပေးလိုက်ပါ။

ဒုတိယနည်း

စက်ကို ပိတ်လိုက်ပါ။  USB Stick တပ်ပါ။ စက်ပေါ်က OK ခလုပ်ကို နှိပ်ထားပြီး Power ခလုပ်ဖွင့်လိုက်ပါ။



Display မှာ  ပုံထဲကလို dl   ပေါ်လာရင် OK နှိပ်ထားတာကို လွှတ်ပေးလိုက်ပါ။ Firmware စပြီးကူးသွားပါလိမ့်မယ်။

 ပြီးသွားရင် စက်က Restart ဖြစ်ပြီး ပြန်တက်လာတဲ့အချိန်မှာ Channel Search အတွက် OK နှိပ်ပေးလိုက်ပါ။


Sport 4, 5, 6 လိုင်းရဲ့ Transponder 10973 V 24500  ကို Manually ရိုက်ထည့်ပေးပြီး Channel Search ပြန်လုပ်ရပါမယ်။

Manual Scan ဝင်တဲ့အခါမှာ Password ကို  1126 နဲ့ ဝင်မှ Transponder ကို Edit လုပ်နိုင်ပါမယ်။

PVR ကူးမယ်

             အစီအစဉ် ကူးဖို့အတွက်  Remote အောက်ဆုံးတန်းက  REC ကိုနှိပ်ပြီး ရပ်ချင်ရင် အဖြူရောင်ခလုပ် STOP ကို နှိပ်ပါမယ်။  ပြန်ကြည်မယ်ဆိုရင် Menu , USB, PVR List ထဲဝင်ပြီး ကူးထားတဲ့ Program List ကို ပြန်ကြည့်နိုင်ပါပြီ။




Ver 10  အဆင်မပြေလို့ နောက်ဆုံး Version ပြန်ပြောင်းချင်တယ်ဆိုရင်   https://www.dropbox.com/s/0fmr2tj3fcrln45/OTA.bin?dl=0 ကို ပြန်သွင်းပေးလိုက်ပါ။

                                                                                   အဆင်ပြေကြပါစေ−
                                                                                                                    မင်းလွင် (ကန့်ဘလူ)








20 comments:

  1. တကယ်မိုက်တယ် post တွေအတွက် ကျေးကျေး bro

    ReplyDelete
  2. NL S3650 အတွက်ရှိရင်ပေးပါဦး

    ReplyDelete
  3. NL-S 7812 စက်အကြောင်းလေး သိချင်ပါတယ်
    အဆင်ပြေရင် တင်ပေးစေချင်ပါတယ်

    ReplyDelete
  4. KHDS862 ကို record လုပ်​လို့ရ​အောင်​ နည်းလမ်း​လေး ​ပြောပြပါခင်​ဗျ။

    ReplyDelete
    Replies
    1. SN-8218 နောက်ပိုင်း ထွက်တဲ့ စက်အားလုံး PVR လုံးဝ မပါတော့ပါ။

      Delete
  5. KHDS862 ကိုဘယ်​လိုupgrade လုပ်​ရလည်း
    စက်​က menu ခလုတ်​ကအလုပ်​မလုပ်​လို့ပါ စက်​​ကော ရီမုတ်​ ​ကောနှစ်​ခုစလုံးမရလို့ပါ...

    ReplyDelete
    Replies
    1. Menu နှိပ်လို့ရမှ USB upgrade ထဲဝင်ပြီး လုပ်ရတာ။ Menu နှိပ်မရရင် မရနိုင်ဘူး။

      Delete
  6. This Program Requests card pair ဆိုတာကိုဘယ်​လိုလုပ်​ရမလဲခင်​ဗျာ့ freeလိုင်း​တွေပဲလာပြီးကျန်​တဲ့ လိုင်း​တွေအဲ့လိုေါ်​နေလို့ပါ

    ReplyDelete
  7. အကို
    ဖုန်းးးနဲ့USB ကြိုးးးချိတ်ပီးး
    Upgradeလုပ်ရင်ရနိုင်လားးးဗျ

    ReplyDelete
    Replies
    1. တစ်ချို့ USB Stick တွေကို SKY NET စက်က Detect မဖြစ်တာတွေရှိတယ်။ USB Detect ဖြစ်ပြီး ဖုန်းထဲက MP3 ကို ဖွင့်လို့ရတယ်ဆိုရင် ရမှာပါ။

      Delete
  8. MODE 8218 HD စက် pcနဲ့တင်တဲ့နည်းရှိလားဆရာ

    ReplyDelete
    Replies
    1. မရှိဘူးဗျ။ Bootမတက်တော့ရင်လဲ Firmware တင်လို့ရတယ်။ HD စက်တွေ Firmware တင်နည်းထဲမှာ ရေးထားတယ် ရှာကြည့်လိုက်ပါ။ တင်နည်း (၄)မျိုးရှိတယ်။ စက်တက်လာရင် Menu ထဲဝင်ပြီး Update လုပ်မယ်။ OTA update ထဲဝင်ပြီး update လုပ်မယ်။ စက်တက်လာတဲ့အထိ မစောင့်ဘဲ OK နှိပ်ပြီး တင်တာရယ် နောက်ဆုံး စက်မဖွင့်ခင် Menu နှိပ်ထားပြီး စက်ဖွင့်လိုက်ရင် OTA တက်လာမယ်။ ကြိုက်တဲ့နည်းနဲ့ တင်လို့ရတယ်။ PC မလိုဘူး။

      Delete
    2. This comment has been removed by the author.

      Delete
  9. Sn 8626l sd firmware လိုချင်ပါတယ်ဆရာ

    ReplyDelete
  10. skynet တတ်ချင်လို့ပါခင်ဗျ
    ဈေးနှုန်းလေးသိလို့ရမလားခင်ဗျ

    ReplyDelete
  11. 11052 v30000 10973v24500 နှစ်ခု no sinkul ဖြစ်နေတာဘယ်လိုလုတ်ရမလဲ တချစ်စက်တွေဆိုကောင်းပါတယ် sm 8218hd usb နှစ်ပေါက်နဲ့ ဟာပါအကို ကျေးဇေူးပြု၍အလင်းပြပါ

    ReplyDelete
  12. model SN 8218-HD စက် ပါဝါ မလာတော့တာ
    ပါဝါပိုင်းလဲလို့ရလားဗျ

    ReplyDelete
  13. အဆင်ပြေပါတယ် reboot တက်လာတော့ ၆၂ လိုင်းပါတယ် auto scan လုပ်တော့ ၉၈ လိုင်းရတယ် ၁၂၄ လိုင်းပြန်ရတောင်ဘယ်လိုလုပ်ရမလဲ ကူညီပါဦး please

    ReplyDelete
  14. KHDS 297 မှာ dvb လိုင့ကြည့်ခြင်ပါတယ် လမ်းကြပါ

    ReplyDelete
  15. Sir sorry for English
    I want to add more channels in my NL-S7812 , please

    ReplyDelete

Related Posts Plugin for WordPress, Blogger...