Satellite အားလုံးရဲ့ Azimuth, Elevation, LNB Skew ရှာပေးမယ့် Apk

 Satellite အားလုံးရဲ့ Azimuth, Elevation, LNB Skew ရှာပေးမယ့် Apk

Satcalc Lite Apk ကို   ဒီမှာ ယူပါ။
နောက်ထပ်  Compass Apk ကို  ဒီမှာ ယူပါ။

Satcalc Lite Apk ကို Install လုပ်ပြီး ဖွင့်လိုက်ပါ။  GPS on ပေးဖို့အတွက် Yes-No မေးတဲ့အခါ Yes နှိပ်ပြီးတော့ GPS / Location ကို On ပေးလိုက်ပါ။  GPS Satellite Signal ရဖို့ အမိုးအကာလွတ်တဲ့နေရာမှာ ရှာလိုက်ပါ။

 GPS ရပြီဆိုရင် Lititude နဲ့ Longitude မှာ တန်ဖိုးတွေ ဖြည့်ပြီးသားဖြစ်သွားပါမယ်။ GPS အဆင်မပြေဘူးဆိုရင်တော့

တန်ဘိုးတွေကို ကိုယ်တိုင်ရိုက်ထည့်ရပါမယ်။ လတ်တီ-လောင်ဂျီတွေ မသိဘူးဆိုရင် ကိုယ့်ရှာမဲ့မြို့နယ်ရဲ့  လတ်တီ-လောင်ဂျီ တန်ဖိုးတွေကို    http://www.latlong.net/  ကို သွားပြီး ရှာပါမယ်။

ဒါကတော့  မုံရွာမြို့ရဲ့  Latitude နဲ့ Longitude ကို ရှာပြထားတာပါ။
ရလာတဲ့ လတ်တီ-လောင်ဂျီကို  ကိုယ်တိုင်ရိုက်ထည့်ပါမယ်-

Original from: http://minlwin-t4.blogspot.com/2015/07/android-sat-finder-app.html
မူလစာရေးသူ -->>ကိုမင်းလွင် (ကန့်ဘလူ)

ကိုယ်ရှာချင်တဲ့ Satellite  ကို ရွှေးပြီး အောက်က Calculate Look Angle ကို နှိပ်လိုက်တာနဲ့

Azimuth , Elevation , LNB Skew တန်ဖိုးတွေရလာမှာဖြစ်ပါတယ်။ ရရှိလာတဲ့ တန်ဖိုးတွေအတိုင်း

Satellite ဖမ်းမယ်ဆိုရင် အလွယ်တကူ ဖမ်းနိုင်မှာဖြစ်ပါသည်။

  ကျနော်က Thaicom 5 (78.5 E) ကို  စမ်းပြထားတာပါ။

Azimuth, Elevation, LNB Skew အကြောင်း နားလည်သလောက် ရှင်းပြပါမယ်။

 AZIMUTH

Azimuth တန်ဖိုးဟာ သံလိုက်အိမ်မြှောင် (Compass) တန်ဖိုးဖြစ်ပါတယ်။ Compass Apk ကို သုံးပြီး စလောင်းဗန်း ချိန်ရမဲ့ Direction ကို ရှာပါမယ်။

ဒါကတော့ Compass Apk သုံးပြီး   Thaicom 5 Sat  ရဲ့ Azimuth  218.04  ကို  ဖမ်းပြထားတာပါ။Elevation
Elevation ကတော့ စလောင်းရဲ့ အထက်အောက် အနိမ့်အမြင့် (အမော့ နဲ့ အချ)  ဖြစ်ပါတယ်။ တစ်ချို့ ဗန်းတွေမှာ Elevation တန်ဖိုးတွေပါတဲ့အတွက် အနီးစပ်ဆုံး ဖမ်းနိုင်ပါတယ်။

LNB SKEW
Satellite  တစ်ခုမှ Transponder တစ်ခုကို ထုတ်လွှင့်မယ်ဆိုရင် Frequency, Symbol Rate တွေကို Microwave လှိုင်းတွေအနေနဲ့  Horizontal , Vertical စနစ်နဲ့ထုတ်လွှင့်ပါတယ်။ အောက်ကပုံက Universal LNB အတွင်းပိုင်းပုံပါ။

Hor Signal နဲ့ Ver Signal ကို ဖမ်းတဲ့ အချောင်းတိုနှစ်ချောင်းဟာ ၉ဝံ ထောင့်မှန်အနေအထားအတိုင်း ရှိပါတယ်။ Receiver က DC 13V ထွက်လာရင် Ver အငုတ်က အလုပ်လုပ်ပါတယ်။ DC 18V ထွက်လာရင် Hor အငုတ်က အလုပ်လုပ်ပါတယ်။

စလောင်းဖမ်းတဲ့အခါမှာ Satellite က ထုတ်လွှင့်တဲ့ H နဲ့ V Signal လားရာနဲ့ တစ်ထပ်တည်းကျအောင် LNB ကို လှည့်ပေးရပါတယ်။ အဲဒီ တန်ဘိုးကို LNB SKEW လို့ ခေါ်ပါမယ်။ တစ်ထပ်တည်းကျအောင် ဖမ်းနိုင်လေ Signal အကောင်းဆုံးကို ရနိုင်လေဖြစ်ပါတယ်။ ဒါကြောင့် LNB နေရာမှန်မှ Signal ကောင်းကောင်း ရနိုင်မယ်လို့ ဆိုနိုင်ပါတယ်။

 Minus (-)    <<<<<<<<      0       >>>>>>>>>> Plus (+)

LNB Skew က (+)(-) နဲ့ပြပါတယ်။ 3 to 6 နဲ့ 9 to 12 က (+) ပါ။ 12 to 3 နဲ့ 6 to 9 က (-) ပါ။

Original from: http://minlwin-t4.blogspot.com/2015/07/satellite-azimuth-elevation-lnb-skew-apk.html

LNB Skew က (+)(-) နဲ့ပြပါတယ်။ 3 to 6 နဲ့ 9 to 12 က (+) ပါ။ 12 to 3 နဲ့ 6 to 9 က (-) ပါ။

Thaicom 5 ဂြိုဟ်တုဟာ  (+)၃၄.၅၆ ဒီကရီဖြစ်တဲ့အတွက် ခန့်မှန်းခြေ (5) နေရာမှာ ထားပါမယ်။ တစ်ဖက်ခြမ်း (11) နေရာမှာထားပြီးဖမ်းလည်း ရပါတယ်။ စလောင်းခေါင်းက မိုးရေဝင်နိုင်ပါတယ်။ ဒါကြောင့် ပုံမှန်အားဖြင့် စလောင်းခေါင်းကို အောက်မှာထားကြတာဖြစ်ပါတယ်။
LNB Skew က (+)(-) နဲ့ပြပါတယ်။ 3 to 6 နဲ့ 9 to 12 က (+) ပါ။ 12 to 3 နဲ့ 6 to 9 က (-) ပါ။

Original from: http://minlwin-t4.blogspot.com/2015/07/satellite-azimuth-elevation-lnb-skew-apk.html
မူလစာရေးသူ -->>ကိုမင်းလွင် (ကန့်ဘလူ)

LNB Skew က (+)(-) နဲ့ပြပါတယ်။ 3 to 6 နဲ့ 9 to 12 က (+) ပါ။ 12 to 3 နဲ့ 6 to 9 က (-) ပါ။

Original from: http://minlwin-t4.blogspot.com/2015/07/satellite-azimuth-elevation-lnb-skew-apk.html
မူလစာရေးသူ -->>ကိုမင်းလွင် (ကန့်ဘလူ)

ကိုမင်းလွင် (ကန့်ဘလူ)

6 comments:

  1. Thaicom 5 ဂြိုဟ်တုဟာ ၃၄.၅၆ ဒီကရီဖြစ်တဲ့အတွက် ခန့်မှန်းခြေ (5) နေရာမှာ ထားပါမယ်။

    ဆိုတော့ ကျန်တဲ့ ဂြိုလ်တုတွေကို ဘယ်လို တွက်ယူရပါသလဲ အကို

    ReplyDelete
    Replies
    1. longitude ရဲ့ အောက်က ဂြိုလ်တုအမည်ကို ကိုယ်ရှာချင်တာပြောင်းပြီး ရှာရမှာပါ။ (၆) နေရာက 0 ဖြစ်ပြီး Thaicom 5 က ၃၄ ဒီကရီဖြစ်တဲ့အတွက် (၅)နေရာလို့ပြောတာပါ။

      Delete
  2. ၃၄ ဒီဂရီ ဆို​တော့ ၁ ​ကောမဖြစ်​နိုင်​ဘူးလားခင်​​ဗျာ ၃၀ က​လေးခု​တောင်​ပါ​နေတာ​လေ

    ReplyDelete
    Replies
    1. LNB Skew က (+)(-) နဲ့ပြပါတယ်။ 3 to 6 နဲ့ 9 to 12 က (+) ပါ။ 12 to 3 နဲ့ 6 to 9 က (-) ပါ။

      Delete

Related Posts Plugin for WordPress, Blogger...