SKY NET NL-3560 စက်ကို PC ဖြင့် Firmware တင်ခြင်း

SKY NET  NL-3560 စက်ကို PC ဖြင့်  Firmware တင်ခြင်း

     အရင် POST တွေမှာ USB ကနေ Upgrade လုပ်တာကို ရှင်းပြပြီးဖြစ်ပါတယ်။ ခုတစ်ခါ PC နဲ့ Firmware တင်နည်းကို ရှင်းပြမှာပါ။  ကိုယ်စက် ကောင်းနေတယ်ဆိုရင်တော့ USB နဲ့ပဲတင်လိုက်ပါ။ USB နဲ့ တင်နေတုန်း မီးပျက်သွားရင် Firmware ကျသွားတတ်ပါတယ်။ အဲဒီလို Firmware ကျတဲ့စက်၊ Boot ဆိုပြီးရပ်နေတဲ့ စက်တွေကို PC နဲ့ တင်ဖို့အတွက်ပါ။ အမှန် Tool တစ်ခုထဲ တင်ပေးလိုက်ရင်တောင် နားလည်ပြီးသား အကိုတို့ လုပ်တတ်ပေမယ့်  အသေးစိတ် ရှင်းပြမှာမို့ သိပြီး နားလည်ပြီးတဲ့ အပိုင်းကို ကျော်ဖတ်လိုက်ကြပါ။ စာရှည်သွားပြီ.......

     စရအောင်ဗျာ-

     NL-3560 နှစ်မျိုးရှိပါတယ်။ Firmware နှစ်ခု မတူပါ။ SKY NET Logo အောက်ခံပြား ငွေရောင် နဲ့ အနက်ရောင်ပါ-


 PC ရဲ့ Serial port (9 Pin) နဲ့ NL-3560 စက်ရဲ့ RS-232 Port ကို ချိတ်ဆက်ပြီးကူးမှာဖြစ်တဲ့အတွက် မိမိ PC နဲ့ Laptop မှာ Serial ပေါက် မပါရင် USB to RS-232 Converter ကြိုးဝယ်၊ ပြီးရင် Driver မှန်အောင် တင်ပေး ရပါမယ်။ အရင်က Post တွေမှာ ရှင်းပြထားပြီးပါပြီ။



 DATA CABLE ပြုလုပ်ခြင်း

 စက်အဖုံး ဖွင့်လိုက်ပါ။


Card Reader ကနေလာတဲ့ Socket နားမှာ အနီဝိုင်းပြထားတဲ့ RS232  Socket အလွတ်ကို တွေ့ပါမယ်။ အဲဒီ Socket နဲ့ PC ကို Cable ဆက်ပြီး Firmware တင်မှာပါ။ Socket အတွက် 3 pin ခေါင်းကိုတော့ Circuit အချပ် အပျက်တွေမှာ ရှာပါ။


ကြိုးဆက်ရမဲ့ Connection က-
Connection တွဲတာရပြီဆိုတော့ ဖြစ်အောင်သာလုပ်လိုက်ပါ။ ဘယ်လိုမှ မရရင်တော့ ယာယီ ခဲတို့ပြီး တွဲပါ။
  

Firmware တင်မယ်။

အရင်ဆုံး Firmware (2) မျိုးနဲ့ တင်ဖို့ Tool ကို  ဒီမှာ ယူပါ။
ဒီဖိုင် (၃)ဖိုင်ရမယ်
Bin ဖိုင် (၂)ဖိုင်က စက်(၂)မျိုးအတွက် Firmware ဖြစ်ပြီး Serial_upgrade_en ဖိုင်ကFirmwareတင်ဖို့Tool ပါ။


စမယ်။


စက်ကို မီးပလပ်ထိုးလိုက်ပါ။ Power မဖွင့်သေးဘူး။ ကူးမဲ့ Data Cable တွဲလိုက်ပါ။ ပြီးရင် serial_upgrade_en ဖိုင်ကို Run လိုက်ပါ။

Serial မှာ  COM မှန်အောင်ရွေးပါ။  Update File နှိပ်င်္ပြီး Firmware ရွေးမယ်။  SKY NET တံဆိပ် အံဖုံးက အနက်ဆိုရင် 1001.bin ဖိုင်ကိုရွေးပါ။ ငွေရောင်ဆိုရင် 1002.bin ဖိုင်ရွေးပါ။ Update နှိပ်လိုက်ပါ။ စက်မဖွင့်သေးဘူးနော်။


 ပုံထဲကအတိုင်း Serial open မှာ Success ပြရပါမယ်။ ခဏစောင့်လိုက်ရင်  waiting ပေါ်လာပါမယ်။ အဲဒီအချိန်မှာ  SKY NET စက်ကို Power ဖွင့်ပေးလိုက်ပါ။


        ကြိုးConnection မှန်တယ် Com ပေါက် အလုပ်လုပ်တယ်ဆိုရင်  detect stb reset စာကြောင်း ပေါ်လာပြီး  အောက်မှာ updating ဆိုပြီး နံပါတ်တွေ အစဉ်လိုက် ဆက်တိုက်ပြေးနေပါမယ်။ နည်းနည်းကြာမယ်။ စောင့်လိုက်ပါ။ updating  300 ကျော်ထိ သွားမှာပါ။ 300 ကျော်လို့ ကူးပြီးသွားပြီဆိုရင် waiting ဆိုပြီး ၂-ကြောင်း ၃-ကြောင်းတက်ပြီးရင်-


           SKY NET စက်မှာ  Succ  ဆိုပြီး ပေါ်လာမယ်။ Success ဖြစ်သွားပါပြီ။ စက်က Restart  ပြန်စသွားပြီး ပြန်တက်လာရင် OK ပြီပေါ့။ နောက်ဆုံး Firware Version  20028 တင်ပြီးသွားပါပြီ။ စက်ပြန်တက်လာရင်တော့ Factory Default ချပြီး Channel Search ပြန်လုပ်ပေးလိုက်ပါ။


ပြီးပါင်္ပြီ။



ကျွန်တော့ Blog ကို လာလည်တဲ့ အကိုတို့ အားလုံးကို ကျေးဇူးပါ။





 





2 comments:

  1. nl-s3560 ကို pc နဲ့တင်တာ
    tool မှာ port က 1234 ဘဲရှိတယ်
    pc မှာ ကport 11.12.14.15
    ဘဲပေါ်တယ် ဘယ်လိုလုပ်ရမလဲ ခင်ဗျာ
    tool က port မတွေ့ ဘူး ဖြစ်နေလို့ ပါ

    ReplyDelete

Related Posts Plugin for WordPress, Blogger...