Dish Installation အေျခခံ
Digital Video Brocasting (DVB)
DVB-T မှာ T ဆိုတာကတော့ TERRESSTIAL ကုန်းမြေပြင် တစ်လျှောက် ရုပ်သံလွှင့်တဲ့စနစ်ဖြစ်ပါတယ်။ နောက်တစ်ဆင့်မြင့် နည်းပညာ DVB-T2 ကို အသုံးပြုနေပါပြီ။
DVB-S မှာ S ဆိုတာက Satellite နည်းပညာဖြင့် ထုတ်လွှင့်ခြင်းစနစ်ဖြစ်ပါတယ်။ နောက်တစ်ဆင့်မြင့် S2 သုံးနေပါပြီ။
DBV-T
DVB-T စနစ်ဟာ DVB-T (သို့) T2 စနစ်နဲ့ လွှင့်မယ့် Tower Station တွ ထောင်ရပါတယ်။ ထုတ်လွှင့်နိုင်တဲ့ အကွာအဝေး ကန့်သတ်ချက်တွေကြောင့် ကိုယ်လွှင့်မယ် မြို့တွေမှာ Tower Station တွေ ထောင်ရပါတယ်။
Tower Station ဆီကို မူရင်း Source ရုပ်သံလိုင်းတွေကို ပို့ရပါတယ်။ ရလာတဲ့ channels တွေကို DVB-T Transmitter နဲ့ ပြန်လွှင့်ရပါတယ်။
တာဝါတိုင်က လွှင့်တဲ့ Signal ကို T-2 ရုပ်သံဖမ်းစက် Antenna ဖြင့် ဖမ်းပါတယ်။ ရုပ်သံဖမ်းစက်မှာ Smart Card ထည့်ထားပါတယ်။ သက်တမ်းတိုးကြည့်ရပါမယ်။ Free To Air (FTA) လိုင်းတွေကိုလည်း ဖမ်းယူ ကြည့်ရှုနိုင်ပါတယ်။ Station အမျာကြီး သုံးရတဲ့အတွက် ကုန်ကျစရိတ်များပါတယ်။ အားနည်းချက်က တစ်နိုင်ငံလုံး လွှမ်းခြုံအောင်လွှင့်နိုင်ဖို့ ခက်ခဲတဲ့အတွက် လူဦးရေများတဲ့ မြို့ကြီးတွေမှာပဲ ှTower Station တွေထောင်ကြပါတယ်။
DVB-S
Satellite ဂြိုဟ်တုကနေတစ်ဆင့် ထုတ်လွှင့်တဲ့ နည်းပညာတစ်ခုပါ။ မြို့တိုင်းမြို့တိုင်းမှာ တာဝါတိုင်တွေ ထောင်စရာမလိုဘဲ Satellite Dish စလောင်း ဖမ်းလို့ရတဲ့ ဘယ်နေရာ ဘယ်ဒေသကဘဲဖြစ်ဖြစ် ကြည့်နိုင်တဲ့ စနစ် ဖြစ်ပါတယ်။ SKY NET DTH ဟာ DVB-S2 နည်းပညာသုံးထားတာပါ။
ကိုယ်ပိုင်ဂြိုဟ်တု မရှိဘူးဆိုရင် ငှားရမ်းသုံးစွဲရပါတယ်။ ရုပ်သံ ထုတ်လွှင့်သူတွေဟာ တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်သောဧရိယာ (Foot Print Area) ရှိတဲ့ ဂြိုဟ်တုကို သုံးစွဲပါတယ်။ အားသာချက်က တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်တဲ့အတွက် ဘယ်နေရာ ဘယ်ဒေသမှာမဆို ဖမ်းယူနိုင်တယ်။ ဂြိုဟ်တု ငှားရမ်းသုံးစွဲ ရတာပဲ ကုန်ကျပြီး တစ်နိုင်ငံလုံးမှာ ဖမ်းယူနိင်လို့ DVB-S ဟာ စီးပွားရေးအရ တွက်ခြေကိုက်လို့ အသုံးများပါတယ်။
SATELLITES
ဂြိုဟ်တုတွေကို အီကွေတာမျဉ်းတစ်လျှောက် (Geostational Orbit) မှာ လွှတ်တင်ထားတာဖြစ်တဲ့အတွက် ၈-ပေ စလောင်းတွေ ဖမ်းတဲ့အခါ GEOSTATIONAL ORBIT လမ်းကြောင်း နဲ့ တစ်ထပ်တည်း ကျအောင်ဖမ်းကြရပါတယ်။ လမ်းကြောင်း တစ်ထပ်တည်းကျလေ ဖမ်းမိတဲ့ ဂြိုဟ်တုများလေပါ။
ကမ္ဘာပတ်လမ်းကြောင်းပေါ် ှ ဂြိုဟ်တု ရောက်သွားရင် အဲ့ဒီ ဂြိုဟ်တုဟာ ကမ္ဘာရဲ့ လည်ပတ်နှုန်း (တစ်စက္ကန့် ၁.၉၁မိုင်)အတိုင်း အီကွေတာမျဉ်းတလျှောက် အတိအကျ ပတ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ စလောင်းဖမ်းတဲ့အခါမှာ ဂြိုဟ်တုဟာ အမှတ်တစ်ခုတည်းမှာ မရွှေ့ပဲ ဖြစ်နေတာပါ။ ဂြိုဟ်တုတစ်လုံးမှာ သူ့ရဲ့သက်တမ်း (Life Time) ရှိပါတယ်။ ဂြိုဟ်တုကို လွှတ်တင်လိုက်ကတည်းက သူ့ကို မောင်းနှင်နိုင်ဖို့ လောင်စာဆီ အပြည့်ထည့်ပေးလိုက်ရပါတယ်။ ကမ္ဘာလုံးက ဘဲဥပုံဖြစ်တာကို ဂြိုဟ်တုက စက်ဝိုင်းပုံပတ်ရတာကြောင့် (၁၄)ရက်ကိုတစ်ကြိမ် ၁-ဒီဂရီ အနည်းငယ်လွှဲချော်ပါတယ်။ အဲဒီအချိန်မှာ သူ့မှာပါတဲ့ လောင်စာဆီကို သုံးပြီး လမ်းကြောင်းမှန်ရောက်အောင် (၁၄)ရက်ကို တစ်ကြိမ် မြေပြင်စခန်းကထိန်းကျောင်းမောင်းနှင်ပေးရပါတယ်။
လောင်စာဆီကုန်ရင် အဲ့ဂြိုဟ်တု သက်တမ်းကုန်ပါပြီ။ Apstar-7 ဂြိုဟ်တုရဲ့ သက်တမ်းဟာ (၁၅) နှစ်ဖြစ်ပါတယ်။
လောင်စာဆီကုန်ရင် အဲ့ဂြိုဟ်တု သက်တမ်းကုန်ပါပြီ။ Apstar-7 ဂြိုဟ်တုရဲ့ သက်တမ်းဟာ (၁၅) နှစ်ဖြစ်ပါတယ်။
Blog ကို လာလည်တဲ့အတွက် ကျေးဇူးပါဗျာ။
ကိုမင်းလွင် (ကန့်ဘလူ)
ကိုမင်းလွင် (ကန့်ဘလူ)
ဆရာကျေးဇူးပါ သီအိုရီ မက်သက် လေးပါသင်ပေး တင်ပေးစေချင်ပါတယ် ၈ပေ လမ်းကြောင်းမှန် Fous တွေပါဆရာ
ReplyDelete8-ပေနဲ့ အဆက်ပြတ်နေတာ ၁၀-နှစ်ကျော်သွားပြီ။ ကျွန်တော်က အဲဒီအပိုင်း Update သိပ်မဖြစ်တော့ဘူးဗျ။ သဘောတရားတွေကတော့ အရင်အတိုင်းပါပဲ။ လွှင့်တဲ့စနစ်တွေ ပြောင်းသွားတာပဲရှိတာပါ။
Deleteကျေးဇူးပါ ဆရာ
ReplyDeleteကျေးဇှုးပါဆရာ အမြဲလေးစားလျက်ပါ
ReplyDeleteကျေးဇူးပါဆရာ
ReplyDeleteမင်္ဂလာပါနော် တစ်ခုလောက်မေးချင်လိုပါနော်TaTaဘမ်းနဲ့psiစက်နဲ့ထိပ်ဖူးတတ်ပြီးဖမ်းလိုရပါသလားဗျာဖမ်းနည်းလေးပြောပေးပါလားဗျာ
ReplyDeleteSky net မှာ လိုင်းအသစ်တွေ သွင်းလို့ရမလား ခင်ဗျ
ReplyDeletethake taw tar bell jar.
ReplyDeleteThank you very much.
ReplyDeleteကျေးဇူးပါဆရာ
ReplyDeleteAntenna bar ပြောင်းပြန်ဖမ်းမှမိတာဘာကြောင့်လဲ
ReplyDeleteဗျပြန်ပြောပေးစေလိုတယ်