SKY NET KHD-862 စက်ကို I.C ကူးစက်ဖြင့် Firmware တင်မယ်

SKY NET KHD-862 စက်ကို I.C ကူးစက်ဖြင့်  Firmware တင်မယ်




      SKY NET KHD-862  စက်တွေ  Firmware ကျသွားတာတွေ ရှိတတ်ပါတယ်။ အဲ့စက်မှာ  USB ကနေ Boot အခြေအနေမှာ တင်လို့ရရင်လည်း ရမှာပါ။ ကျွန်တော်တော့ မသိသေးလို့ I.C ဖြုတ်ကူး မဲ့နည်းလမ်းလေး မျှဝေပေးလိုက်ပါတယ်။ SKY NET စက်တွေကို အာမခံ တစ်နှစ်ပေးထားတာဖြစ်တဲ့အတွက် တစ်နှစ်ကျော်တဲ့စက်များကိုပဲ စိတ်ကြိုက် ပြင်စေချင်ပါတယ်။ တစ်နှစ်အတွင်းလည်းဖြစ်တယ်၊ RSP ပို့လိုက် လို့ ပြင်မရဘူးဆိုရင်တောင် အသစ်လဲပေးတာမျိုးရှိပါတယ်။ ဒီလိုပြောရတာကလည်း တစ်နှစ်အတွင်း ဝယ်ထားတဲ့  စက်ကို ဖွင့်ပြင်မယ်ဆိုရင် စဉ်းစားဖို့ပါ။



အရင်ဆုံး   ထည့်မဲ့ FIRMWARE ကို     ဒီမှာ ယူပါ။
  

Firmware ကျတဲ့စက်မှာ Remote နဲ့ Power ပိတ်ထားသလို  မီးနီလင်းနေတာ ဒါမှမဟုတ် အပေါ်ကပုံလို  OTA  ပေါ်နေတာမျိုးဖြစ်နေတတ်ပါတယ်။  OTA ပေါ်တဲ့ပုံက မူရင်းပုံမရှိလို့ တစ်ခြား KHD-297 မှာပေါ်နေ တာကို တင်လိုက်တာပါ။ မီးစိမ်းကို မှိန်မှိန်လေး လင်းနေမယ်ဆိုရင်တော့ Hardware ပိုင်းပါ။
  

          KHD-862 စက်မှာ သုံးထားတဲ့  Flash I.C  က  8 M  ဖြစ်ပြီးတော့ FL064F  နဲ့ 25Q64F  (၂) မျိုး သုံးထားတာ တွေ့ပါတယ်။ တစ်ဖက်ကို 8 pin ပါတဲ့ I.C အကြီးပါ။  IC အကြီးကို ကူးလို့ရတယ်ဆိုရင်တော့ Firmware ကို IC ကူးစက်နဲ့ ကူးပေးလိုက်ရင် ရပါပြီ။


            IC အကြီးကို ကူးလို့ မရဘူးဆိုရင်တော့  အဲ့ဒီ IC အကြီး ကို ဖြုတ်လိုက်ရင် သူ့ရဲ့အောက်မှာ ပုံမှန် IC အသေး 25Q64 တပ်လို့ ရပါတယ်။ 25Q64 ဟာ 8M ပုံမှန် IC ဖြစ်လို့ စက်အဟောင်းတွေထဲမှာ အလွယ်တကူ ရှာမတွေ့နိုင်လည်း လျှပ်စစ်ပစ္စည်းဆိုင်တွေမှာ ဝယ်လို့ရပါတယ်။ အဲ့ဒီ IC အသေးကို Firmware ထည့်ပြီး အစားထိုးပေးလိုက်ရင် ရပါပြီ။
 

ဒီလိုလေးပေါ့ဗျာ။ ကျနော် သေချာစမ်းသပ်ပြီသားပါခင်ဗျာ။ Firmware ကြောင့်ဖြစ်တယ်ဆိုရင်တော့ ရမှာပါ။ Hardware ကြောင့်ဆိုရင်တော့ မရနိုင်ပါခင်ဗျာ။



                                                                          အားလုံးကို ကျေးဇူးတင်လျက်-

                                                                                                                        ကိုမင်းလွင် (ကန့်ဘလူ)




10 comments:

  1. အကို
    skynet KHDS297 FIREWARE တင်နည်း နဲ့ အိုင်စီမှာ fireware သွင်းနည်း ကျေးဇူး ပြုပြီးတော့ post တင်ပေးပါလား....... ကျေးဇူးတင်ပါတယ်

    ReplyDelete
    Replies
    1. IC Firmware တင်နည်းက အရင် Post ထဲမှာ ရှာလိုက်ပါ။ သဘောတရားအတူတူပဲမို့ ရမှာပါ။ KHD 297 အတွက်ဆိုရင် ကောင်းတဲ့စက်ထဲကနေ firmware အရင် ထုတ်ပြီးမှ ကူးပေးလိုက်ပါ။

      Delete
  2. Sky Net KHD 862 ကို LNB နှစ်လုံးထည့်ပြီး Satellite နှစ်ခုကို ဘယ်လိုချိန်ရပါမလဲ ပိတ်ထားလို့ ဘယ်နေရာမှာ သွားပြင်ရပါ့မလဲ ကျေးဇူးပါ

    ReplyDelete
  3. ကျေးဇူးပါ အစ်ကို

    ReplyDelete
  4. Firmware Link ကသေသွားပီဆရာ
    ဒေါင်းတာမရလို့

    ReplyDelete
  5. Skynet KHD S297 Remote နိပ်​မရတာ ဘာ​ကြာင့်​လဲဗျာ့ အဖြစ်​များ​နေလို့ပါ

    ReplyDelete
  6. ဆရာ psi logo ချိန်းချင်တာဘယ်လိုလုပ်ရမလည်းခင်ဗျာ

    ReplyDelete
  7. Link ကမရှိတော့ဘူးလို့ပြနေပါတယ်ဗျ

    ReplyDelete
  8. ဆရာရှင့် skynetစက်ကလေ ၅မိနစ်၁ခါ ပုံတွေပေါ်လာတယ် ရှင့်

    ReplyDelete
  9. sky netက အသံကြားပြီးရုပ်မလာတော့လို့ပါ ဘာနှိပ်လိုက်မိမှန်မသိလို့ပါ

    ReplyDelete

Related Posts Plugin for WordPress, Blogger...