SKY NET KHDS-862 စက်ကို USB ဖြင့် Firmware သွင်းမယ်။

 SKY NET KHDS-862 စက်ကို USB ဖြင့် Firmware သွင်းမယ်

         လက်ရှိ ကြည့်နေတဲ့စက် ကောင်းနေတဲ့စက်ကို သွင်းပေးစရာမလိုပါဘူး။ firmware ကျနေတဲ့ စက်တွေကိုပဲ သွင်းပေးပါ။

 Firmware ကို  အောက်ပါ link မှာ အရင်ယူလိုက်ပါ။ KONKA_Auto_USBUpdate.SDL ဆိုတဲ့ဖိုင်ရပါမယ်။




ရလာတဲ့ SDL ဖိုင်ကို USB မှာ ထည့်ပါ။ folder ထဲမှာ မထားဘဲ root directory အပြင်မှာပဲထားပါ။





         SKYNET  KHD-862 စက်တွေ  Firmware ကျတဲ့အခါ  အောက်ကပုံလို Down Load Fail ဖြစ်သွားတတ်ပါတယ်။













ကဲ Firmware စသွင်းပါမယ်။

 စက်ကို power မပေးခင်မှာ USB ထိုးထားပါ။ Remote မှ Ok ခလုပ်ရဲ့အောက်က CH-  ခလုပ်ကို နှိပ်ရန် ကြိုတင်အသင့်ပြင်ထားပါ။



 စက်ကို power ဖွင့်ပြီး TV မှာ SKY NET Logo စပေါ်ချင်းမှာပဲ  CH- ခလုပ်ကို ၅-ကြိမ် တစ်ချက်ခြင်းနှိပ်လိုက်ပါ




ဒီလိုပေါ်လာပြီဆိုရင်  ၁၀၀% ထိ ပြည့်အောင် ခဏစောင့်လိုက်ပါ။




OK  နှိပ်ပေးလိုက်ရင် ရပါပြီ။

                                                                                                         ကိုမင်းလွင် (ကန့်ဘလူ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...