SERVICE အတွက် ကျနော့ရဲ့ Google Site

 
 
 

 

 
 ကျနော့ရဲ့ Google Site
=============
SKY NET ကို ရောင်းချသူဖြစ်ဖြစ် တပ်ဆင်သူဖြစ်ဖြစ် Customer Complaint တွေအမြဲကြုံတွေ့နေရမှာပါ။ အများစုကတော့ ဗန်းလွှဲတာ၊ လိုင်းပျက်တာတွေဖြစ်ကြတာပါ။ စက်တစ်မျိုးနဲ့တစ်မျိုးက setting တူသလိုရှိပေမယ့် တစ်ဆင့်ခြင်း ဖုန်းနဲ့ပြောတဲ့အခါ အမျိုးအစားအားလုံးအတွက် အလွတ် ပြောဖို့ အခက်အခဲလေးတွေ ရှိနေတတ်ပါတယ်။ ဒါတွေကို ဖြေရှင်းနိုင်ဖို့ ကျနော့ဆိုင်မှာသုံးဖို့ ကိုယ်တိုင်လုပ်ထားတဲ့ Site လေး မျှဝေပေးပါရစေ။
စက် MODEL အားလုံးအတွက်
တစ်ဆင့်ခြင်း ဖြေပေးနိုင်ဖို့ ပုံတွေနဲ့ တင်ပေးထားပါတယ်။
ဘာတွေပါမလဲဆိုတော့−
1. SIGNAL INFO
2. MANUAL SCAN
3. FACTORY DEFAULT
4. CLEAN CHANNEL LIST

1..Signal Info
--------------
ကိုယ်ရဲ့ဗန်းဟာ အမြဲတမ်း Signal အပြည့်ရှိနေလား စစ်နိုင်ဖို့ ဒီမှာ ဝင်ကြည့်နိုင်တယ်။ ရုပ်သံလိုင်းတွေတော့ စက်ထဲမှာ ရှိနေရပါမယ်။

2. Manual Scan
တကယ်လို့ ရုပ်သံလိုင်းတွေ မရှိတော့ရှင် Signal စစ်မယ်ဆိုရင်တော့ Manual Scan ထဲဝင်ပြီး Transponder (၅) ခုစလုံးကို
ဒီအပိုင်းမှာ ဝင်ပြီး ကြည့်ရမှာပါ။
.
3. Factory Default
စက်တွေ ကြောင်သွားတာ၊ No Signal ဖြစ်နေတာ တွေ ဖြစ်နေတယ်ဆိုရင် Factory Default (နဂို စက်ရုံထုတ်အခြေအနေ) လုပ်ပေးရတာတွေလည်းရှိတတ်ပါတယ်။
.
4. Clean Channel List
လိုင်းတွေ ပျောက်နေတာမျိုး။ လျော့နေတာမျိုးဆိုရင်တော့
Clean Channel List ကို ဝင်ပြီး လိုင်းရှာပေးဖို့ပါ။
.
ဒီ (၄)မျိုးနဲ့ဆို Customer Complaint အတွက် လုံလောက်ပါပြီ။ နောက်ပိုင်းမှာ လိုအပ်တာလေးတွေ ထပ်ဖြည့်ပေးပါဦးမယ်။
WEB Page Link
ကျနော်ကတော့ PC က browser ရဲ့ bookmark Bar မှာ တင်ပြီး သုံးနေပါတယ်။
Android APP လုပ်ပေးထားပါတယ်။
 
                                                အားလုံး ကျေးဇူးပါ−
                                                                                 ကိုမင်းလွင် (ကန့်ဘလူ)

1 comment:

  1. အကို no terminal ပေါ်နေတာက ဘာဖြစ်တာလဲ စက်ကအသစ်ပါ

    ReplyDelete

Related Posts Plugin for WordPress, Blogger...