SKY NET စက်ရဲ့ Remote အစား ဖုန်းနဲ့ သုံးမယ်

 SKY NET စက်ရဲ့ Remote အစား ဖုန်းနဲ့ သုံးမယ်


 
 

 
 
 

 
        Remote မရှိလည်း ဒီ app လေးသွင်းပြီး ဖုန်းနဲ့သုံးနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ဖုန်းမှာ IR Sensor ပါမှ အလုပ်လုပ်ပါမယ်။ စက် model အားလုံး သုံးနိုင်အောင် remote အမျိုးအစား A ကနေ Z ထိရှိတဲ့ အမျိုးအစားအားလုံးထဲက တစ်ခုချင်း စိတ်ရှည်လက်ရှည် ရှာပေးထားပါတယ်။

Asmart Remote ဆိုတဲ့ App ကို အောက်က link မှာ ယူပါ။

SKY NET စက်အားလုံးကို သုံးဖို့ remote အမျိုးအစားတူ အုပ်စု (၄)မျိုးရှိပါတယ်။ ကိုယ့်စက် model နဲ့ ကိုက်မဲ့ Remote အမျိုးအစားကို ရွှေးပြီး ချိတ်ရမှာပါ။ အရင်ဆုံး ကိုယ်စက်က ဘာ Model ဆိုတာကို သိအောင်ကြည့်ပေးပါ။ ဗီဒီယိုဖိုင်ပါ တင်ပေးထားလို့ အဆင်ပြေမယ်ထင်ပါတယ်။ တစ်ချို့အမျိုးအစားက menu Function မပါဘူး။ ဒါပေမယ့် သုံးလို့ အဆင်ပြေပါတယ်။
 
အုပ်စု (၁)
−−−−
လက်ရှိနောက်ဆုံးထွက် NL-5101E နဲ့ NL-510E_S2 စက်
နှစ်မျိုးစလုံးအတွက် သုံးနိုင်ပါတယ်။
− settop box အမျိုးအစားထဲက Skyworth ကို ရွှေးပေးပါ။
− Model 8 မှာထားပြီး This model works ဆိုတာ
နှိပ်ပေးလိုက်ရင် သုံးလို့ရပါပြီ။ menu ခလုပ်တော့ မပါပါ။

အုပ်စု (၂)
−−−−
KHD-S 297 နဲ့ KHD-S 862 စက်နှစ်မျိုးစလုံးအတွက် သုံးနိုင်ပါတယ်။
− settop box အမျိုးအစားထဲက Konka ကို ရွှေးပေးပါ။
− Model 1 မှာထားပြီး This model works ဆိုတာ
နှိပ်ပေးလိုက်ရင် သုံးလို့ရပါပြီ။ remote function အစုံပါပါတယ်။

အုပ်စု (၃)
−−−−
NL-S 7812 , NL-S 3601, နဲ့ SD စက် NL-S 3560 , NL-S 3381 စက်တွေ သုံးနိုင်ပါတယ်။
− settop box အမျိုးအစားထဲက Shenyang ကို ရွှေးပေးပါ။
− Model 1 မှာထားပြီး This model works ဆိုတာ
နှိပ်ပေးလိုက်ရင် သုံးလို့ရပါပြီ။ menu ခလုပ်တော့ မပါပါ။

အုပ်စု (၄)
−−−−
SN-8218 နဲ့ SN-8600 စက်နှစ်မျိုးစလုံးအတွက် သုံးနိုင်ပါတယ်။
− settop box အမျိုးအစားထဲက Starcom ကို ရွှေးပေးပါ။
− Model 1 မှာထားပြီး This model works ဆိုတာ
နှိပ်ပေးလိုက်ရင် သုံးလို့ရပါပြီ။ remote function အစုံပါပါတယ်။
                                     အားလုံး အဆင်ပြေကြပါစေ−
                                               ကိုမင်းလွင် (ကန့်ဘလူ)

4 comments:

Related Posts Plugin for WordPress, Blogger...